သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမိုးမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များလိုက်ပါလျက် အောက်တိုဘာလ (၉)ရက် နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တောင်ပုလဲရွာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင်မိသားစုတို့၏ ဥပုဒ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သွားရောက်ကာ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော် များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်စိုး၊ ဦးထွန်းဝေအောင် တို့ဦးဆောင်သော ပါတီဝင် ၂၀ ဦးသည် အောက်တိုဘာ (၁၀) ရက် နံနက် (၇) နာရီအချိန်မှ (၁၁) နာရီအချိန်အထိ နန့်ရင်းရပ်ကွက် သောင်ဦးဘုန်းကြီးကျောင်းဝင်းအတွင်း ပေါင်းမြက်များရှင်းလင်း၍ လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသည်။
# Tun Aung
ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များသို့ သွားရောက်ခဲ့ပြီး မြို့နယ်များမှ ပါတီကော်မတီများနှင့် တွေ့ဆုံခြင်း၊ ပါတီလုပ်ငန်းစဉ်များ ညှိနိုင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ် လွိုလင်ခရိုင်၊ နမ့်စန်၊ လွိုင်လင် စသည့် မြို့များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် တိုင်းကော်မတီဝင်များ၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ တို့သည် အောက်တိုဘာ (၁၀) ရက်နေ့က အင်္ဂပူမြို့နယ် ပါတီရုံး၌ အင်္ဂပူမြို့နယ်နှင့် လေးမျက်နှာမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက် အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ အောက်တိုဘာ (၁၀) ရက် နံနက် (၉) နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် သွားရောက်ဖူးမြော်ခဲ့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆရာတော်ဒေါက် တာအရှင်ဉာဏိဿရ တည်ထောင်သော သီတဂူအပြည်ပြည် ဆိုင်ရာ ၀ိပဿနာ တက္ကသိုလ် (သီတဂူဝိပဿနာအကယ်ဒမီ) ကို၂၀၁၇ မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့)တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတောင်ရိုးအနောက် ဘက် ဧက ၇၀ ခန့်ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထား သော သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာတက္ကသိုလ်ကို ၂၀၁၃ နို ၀င်ဘာကစတင်တည်ဆောက်ခဲ့ သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ နယ်စပ်ခြံစည်းရိုးအား ခိုင်ခန့်ပြီး လုံခြုံမှုရှိစေရန် ဘဏ္ဍာငွေ သုံးစွဲဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နတ်မြစ်ဝရှိ ဒုက္ခသည် စခန်းများ၏ လူဝင်လူထွက်အား စစ်ဆေးကြပ်မတ်ရန် လိုအပ် ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့၏ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (CT) နှင့် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ရန်ကုန်မြို့ရှိ ပါရမီ ဟိုတယ်တွင် အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာပြည်သူများ၊ ကမ္ဘာပြည်သူများအားလုံး မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများ ရရှိစေလိုကြောင်း၊ မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများရရှိရေးမှာ လွန်စွာအရေးကြီးပြီး ယင်းသို့မရရှိခြင်းကြောင့် ကမ္ဘာ တည်ငြိမ်မှုပျက်ပြားနေရသည်ဟု ယူဆပါကြောင်း၊ အသိမှားသွားပါက ဆုံးဖြတ်ချက်မှားသွားနိုင်သဖြင့် တပ်မတော် သားများကိုလည်း မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများပေးနိုင်ရေး အလေးထား ဆောင်ရွက်နေ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီ၌ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် ဝါရှင်တန်ဒီစီ VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး Ms. Amada Bennett ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။