တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ

ကာကွယ်ရေးဦးစီးချုပ်များ၏ ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee – EUMC Meeting) သို့တက်ရောက်ရန် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ၌ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌရုံးတွင် သွားရောက်တွေ့ဆုံသည်။

14937389_1113918132062384_7058066684795576802_n

(more…)


ပြည်ရွှေဆံတော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ပါဝင်လောင်းလှူပူဇော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆ဝ၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ (၇) ရက်နံနက် ၆ နာရီတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

15027590_705474139606262_8720223057949361118_n

(more…)


မကွေးတိုင်းဒေသကြီးပါတီ လပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၇) ရက် နံနက် (၁၀) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ အရံကော်မတီဝင်များ (၂၀) ဦး တက်ရောက် ခဲ့ကြသည်။

magway2

(more…)


ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့များ ထားဝယ်မြို့တွင် ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၇) ရက် နံနက် ၈ နာရီက တွေ့ဆုံပွဲအခမ်းအနားတစ်ရပ် ကျင်းပရာ တိုင်း ဒေသကြီးပါတီ နာယကများ၊ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်တို့မှ ပါတီကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁၁၅ ဦးခန့် တက်ရောက် ကြသည်။

sdsdsd

(more…)


ကျောက်ဆည်မြို့နယ်ပါတီရုံး၌ Online Media သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၁၆ Online Media သင်တန်းကို နိုဝင်ဘာ (၇) ရက် နံနက် ၈နာရီခွဲက မြို့နယ်ပါတီရုံး သင်တန်းခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။

14956377_1122486777846804_2469751343765056162_n

(more…)


ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ရွှေမန်းကျောင်းဆရာတော်အား သင်္ကန်းနှင့် နဝကမ္မ အလှူငွေပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာ တာဝန်ခံ) ဦးအောင်တင်မြင့်သည် နိုဝင်ဘာ (၆) ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (စီမံ) ဦးဝင်းတင့်နှင့် ပါတီဝင်များ လိုက်ပါလျက် ဘားအံမြို့ ကျက်သရေဆောင် ရန်ပြေမာန်ရှင်းစေတီတော်အား သွားရောက်ဖူးမြော်ကာ ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

kayin

(more…)


ဗဟိုအတွင်းရေးမှူးများ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်တို့သည် နိုဝင်ဘာ (၄) ရက် မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ၁ဝ မြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရေးရာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။

 

14955864_1693596677619513_1892655653149819498_n

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ၊ မွန်ပြည်နယ်နာယက ဦးအုန်းမြင့်မှ မွန်ပြည်နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ နိုဝင်ဘာ(၆)ရက်နေ့ နံနက် (၉) နာရီချိန်မှ စတင်ကာ ဗဟိုအတိုင်ပင်ခံ၊ ပြည်နယ်ပါတီနာယကကြီး ဦးအုန်းမြင့်မှ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့သည်။

14947609_1694536684192179_211674884932769880_n 14955830_1694536657525515_7838974291874244289_n

(more…)


ဗဟိုဦးဆောင်ကော်မတီဝင်သူရဦးအေးမြင့် ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် နိုဝင်ဘာ (၆) ရက် နံနက် ၉ နာရီတွင် ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

thura-u-aye-myint

(more…)