ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်းသည် နိုဝင်ဘာလ (၁၀) ရက် နံနက်ပိုင်းတွင် မြိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး၌ မြိတ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်မြတ်ဦးနှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင် ဒေါ်ခင်ရွှေမြင့် တို့သည် ယနေ့ (၁၁.၁၁.၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီရုံး၌ တိုင်း/ခရိုင်/မြို့နယ် လူငယ်တာဝန်ခံများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ ခရိုင်(၂)ခရိုင် မှ ဥက္ကဋ္ဌများနှင့် လူငယ်တာဝန်ခံများ မြို့နယ်(၁၄)မြို့နယ်မှ လူငယ်တာဝန်ခံများ စုစုပေါင်း အင်အား(၇၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှစီစဉ်မှုဖြင့် စာရေးဆရာကြီးများကြသည့် တက္ကသိုလ်မြတ်သူ နှင့် မောင်စေတနာတို့၏ စာပေဟောပြောပွဲကို တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ နိုဝင်ဘာ (၁၀) ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ယခုလ ၈ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မုံရွာခရိုင်၊ မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယကအဖွဲ့ဝင် ဦးကျားမောင်သည် ပါတီ ဗဟိုကော်မတီဝင်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြိတ်ခရိုင်ပါတီကော်တီဝင် ဦးအောင်သူစိုး တို့ လိုက်ပါလျက် ပင်လယ်ပိုင်းကျေးရွာများဖြစ်သော မဲတော၊ အုတ်ဖိုမော်နှင့် စခန်းသစ်ကျေးရွာများသို့ နိုဝင်ဘာ (၈) ရက်နှင့် (၉) ရက်နေ့များက သွားရောက်၍ ဒေသခံပါတီဝင်များ၊ ပါတီကိုလိုလားထောက်ခံသူများ၊ ကျေးရွာ ရပ်မိရပ်ဖ ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နိုင်ရေးအတွက် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် ကျင်းပရေး ကော်မတီ ဖွဲ့ စည်းရေးအပါအဝင် လိုအပ်သောလုပ်ငန်းစဉ်များကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (more…)

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးခြင်းမပြုဘဲ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးအရ မမျှတမှုဖြစ်စေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ (၄၅)ကြိမ်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော H .E Mr, Donald Trump အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးသန်းဌေး မှ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်။

၁။ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများအား လေ့လာသုံးသပ်နိုင်ရန် အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်အစား နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ (more…)