ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီခွဲက ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့်အတူ အင်္ဂပူမြို့နယ် မယ်ဇလီကုန်း ဒေသကျောင်းကွင်း ကျေးရွာအုပ်စု ကိုမဲကလေးကွင်း သုခသီတလသာသနာ့ကုန်းမြေ၊ ဘာဝနာဓူရ၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကဉ္စနအား လှူဖွယ်ပစ္စည်း များနှင့် ဆိုလာမီးကိုးစုံ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

u-ho

(more…)


ရခိုင်တိုင်းရင်းသား ကျေးရွာများကို အထိခံမည် မဟုတ်ဟုဆို

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို အထိအခိုက်ခံမည်မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မောင်တောမြို့နယ်မှ ဒေသခံများနှင့် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လစ်လပ်မဲဆန္ဒနယ်အားလုံး၌ SNLD ယှဉ်ပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲကိုလာမည့် ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ရာ ရှမ်းပြည်နယ်ရှိ လစ်လပ် မဲဆန္ဒနယ် အားလုံး ၀င်ပြိုင်ရန်လျာထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ (more…)


ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၃)ခုတို့အား ရုတ်တရက် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီမှ သဘောထားထုတ်ပြန်ချက်(၂/၂ဝ၁၆)ကို အောက်တိုဘာလ (၁၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် – (more…)


ရခိုင်ပြည်နယ်အကြမ်းဖက်ဖြစ်စဉ်အပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက အောက်တိုဘာ (၁၂) ရက် ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

ndf

(more…)


ချောင်းဆုံပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ ရပ်/ကျေး လစဉ်ပုံမှန် အစည်း အဝေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၂) ရက် နံနက် ၁၂း၃၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးကို မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ၄၆ အုပ်စုမှ ရပ်/ကျေး စည်းရုံးရေးမှူးများ  စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြသည်။

14718851_1679896098989571_3802163707593213410_n

(more…)


ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးများ၏ အခွင့်အရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန် တိုင်းဒေသကြီးရုံးတွင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ အခွင့်အရေးများနှင့် ပတ်သက်သော ဥပဒေရေးရာ ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် အောက်တိုဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။

ygn1

(more…)


ဗဟိုအလုပ်အမှုဆောင်(တောင်သူလယ်သမားရေးရာတာဝန်ခံ) မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ် တောင်သူလယ် သမားရေးရာ တာဝန်ခံများနှင့်တွေ့ဆုံပွဲကျင်းပ

magway

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် နှင့် မကွေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများတွေ့ဆုံပွဲကို ယခုလ ၁ဝ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်၊ အရန်ကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်မြင့်၊ ဦးထွန်းရှိန်နှင့် ခရိုင် ငါးခရိုင်နှင့် မြို့နယ် ၂၅မြို့ နယ်တို့မှ တောင်သူလယ်သမားရေးရာ တာဝန်ခံများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ကြသည်။ (more…)


ကယားပြည်နယ်ဘောလခဲမြို့နယ်တွင် J.K.T ကြိုးတံတားဖွင့်ပွဲကျင်းပ

ကယားပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် အောက်တိုဘာ (၁၂) ရက်နံနက် ၈နာရီက J.K.T ကြိုး တံတားဖွင့်ပွဲအခမ်းအနား ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းနှင့် တံတား အလှူရှင် ဦးမျိုးသန့်နှင့် ရပ်မိရပ်ဖ ဒေါ်နန်းဟိမ်းခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

kayah-bridge

(more…)