အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) ၏ ရာဇသင်္ဂဟ ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အသက်တစ်ရာကျော် သက်ကြီးဘိုးဘွားများအား လိုက်လံဂါဝရပြု ကန်တော့လျက်ရှိရာ အောက်တိုဘာ (၂၅) ရက်က သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီစည်းရုံးရေးမှူးနှင့် အမှုဆောင်အဖွဲ့များမှ သန်လျင်မြို့နယ် ဖားကူး အရှေ့ကျေးရွာရှိ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် သက်တော် (၁၀၆) နှစ်ထံသို့ သွားရောက်၍ ငွေကျပ် နှစ်သိန်း တိတိနှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်၏ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ဆရာတော်ကြီး၏ ကိုယ်စား တိုက်အုပ် ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။