ပြင်သစ်-မြန်မာချစ် ကြည်ရေးယဉ်ကျေးမှုပွဲတော် ကျင်းပမည်ဖြစ်၍ ဒီဇင်ဘာ ၃ရက် နှင့် ၄ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ပြည်လမ်းအပါအ၀င် လမ်းမကြီးအချို့ကို အချိန်ပိုင်း ပိတ်ထား မည်ဖြစ်ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။
ပြင်သစ်-မြန်မာချစ်ကြည် ရေး (၅၅)နှစ်မြောက် ‘‘မင်္ဂလာပါ’’ ယဉ်ကျေးမှုပွဲတော်ကျင်းပနေစဉ် ကာလတွင် ဒီဇင်ဘာ ၃ရက် နေ့ လယ် ၁၂နာရီမှ ည ၁၀နာရီအထိ မဟာဗန္ဓုလလမ်းကို ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအ ထိလမ်းပိတ်ထားမည်ဖြစ်သည်။