ငြိမ်းချမ်းရေး ရန်ပုံငွေ တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင် ဆုံးဖြတ်ခွင့်ရ

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် နိုင်ငံတကာကပေးအပ်မည့် ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင် မျှတမှု ရရှိစေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် ဆုံးဖြတ်နိုင် စေရန် ကော်မတီတစ်ရပ်ကို ပထမဆုံး ဖွဲ့စည်းလိုက်သည်။ ယင်းကော်မတီကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်း၍ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ (more…)


လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှစ၍ ကြိုတင်မဲပေးရာတွင် လေ့လာသူများအား စောင့်ကြည့်ခွင့်ပေးမည်

လာမည့်ဧပြီတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကစတင်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ကြိုတင်မဲပေးရာ၌ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာသူများကို စောင့်ကြည့် လေ့လာခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ (more…)


မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်ရေးရာ လှုပ်ရှားဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ (၁၃း၀၀)အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းပါတီကော်မတီအဖွဲ့နှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ၍ လူငယ်လှုပ်ရှားမှုဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးမျိုးမြင့်၊ ဒေါ်သိင်္ဂီအောင်(တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ)၊ ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်လူငယ်တာဝန်ခံ၊ မန္တလေးခရိုင်အတွင်းရှိ(၇)မြို့နယ်မှ ဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံများတက်ရောက်ခဲ့ကြပြီး လူငယ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးကိစ္စအားဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


ရွှေခြင်္သေ့ လူငယ် လူမှုကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

 

20.12.2016 ရက်နေ့ တမှုးခရိုင် ပြည်ခိုင်ဖြိုးပါတီ ရွှေခြင်္သေ့ခန်းမ၌ ရွှေခြင်္သေ့လူငယ်လူမှု ကူညီရေးနှင့် သွေးလှူရှင်အဖွဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ခရိုင်အရန်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရွှေခြင်္သေ့ လူမှုကူညီရေးအဖွဲ့ဝင်များ၊ အလှူရှင်များ ၊ မြို့မိမြို့ဖများ၊ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ကြီးတံခွန် ပြည်ခိုင်ဖြိုးပါတီမှ အားစကားပွဲပြုလုပ်

 

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပသော ရပ်/ကျေးကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များပူးပေါင်း၍ ဒီဇင်ဘာအားကစားလ၌ အပျော်တမ်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ပျော်ရွှင်စွှာခတ်ကစားခဲ့ကြပြီး ပထမဆု (၅၀၀၀၀ )ဒုတိယဆ၉ု ၃၀၀၀၀) တတိယဆု (၂၀၀၀၀ )အသီးသီးချီးမြှင့်ခဲ့ပြီး ခရိုင်စည်းရုံးရေးတာဝန်ခံ ဦးသီဟဇော်မှ ဆုရရှိခဲ့သောအသင်းများအား ဆုကြေးငွေ ၁၀၀၀၀ကျပ်စီ အပိုထပ်ဆောင်းချီးမြှင့်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မန္တလေးခရိုင်ပြည်ခိုင်ဖြိုးများစုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်

 

(၂၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၆း၃၀)အချိန်တွင် မန္တလေးခရိုင်အတွင်းရှိပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်း၍ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းအတွင်း၌ ဒီဇင်ဘာလစုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအားကစားပြုလုပ်ရာ တိုင်းဒေသကြီးကော်မတီဝင်ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ မန္တလေးခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများကို စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကျင်းပ

 

မိုးညှင်းမြို့နယ် ဟိုပင်ဒေသပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေးကို
ဒေသခံပါတီ ကော်မတီနာယက ဦးညီလေး၊
ခရိုင်အရန်ကော်မတီဝင်ဦးဖုန်းမြင့် ၊ မိုးညှင်းမြို့ နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့ နယ်အရံကော်မတီဦးမြဝင်း ။ ဒေါ်ဝါဝါဆွေ ဒေါ်လင်းလင်းဝင်းနှင့် ရပ်ကျေးကော်မတီဝင်များ
ရေးရာကော်မတီဝင်များ လူငယ်ကေဒါများတက်ရောက် ကြပြီး
ရှေ့ ဆက် လုပ်ငန်းစဉ်များ ညှိနိုင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိသည်။

တနိုင်းမြို့နယ်လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းဝေး

 

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပုံမှန်အစည်းဝေးကို
ယနေ့နေ့လည်(၁၁း၃၀)နာရီတွင်စတင်ကျင်းပရာအစည်းဝေး
သို့ပြည်နယ်ကော်မတီဝင်(ချိန်ပိုင်း)ဦးkဆမ်အေါန်၊ ခရိုင်
ကော်မတီဝင်ဦးဆိုင်းလ(ချိန်ပိုင်း) မြို့နယ်ဥက္ကဌဦးမြင့်ကိုနှင့်မြို့
နယ်ကော်မတီဝင်များ ရပ်ကျေးစည်းမူးများစုစုပေါင်း(၄၀ဦး)
တက်ရောက်ကြပြီးညှိနှိုင်းအစည်းအဝေးအါးနေ့လည်(၂)နာရီ
တွင်ပြီးဆုံးကြောင်း သိရသည်။

Myint Ko‎