မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားကိုးမျိုးကို အရောင်သုံးမျိုးဖြင့် ခွဲခြားကာ ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့မှ သိရသည်။ (more…)
“စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း”
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြုတင်ပြနိုင်ရန်အတွက် “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖွဲ့စည်းခဲ့သည်။ “စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
စဥ့်ကိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ စာအုပ်နှင့်စာရေးကိရိယာများလှူဒါန်း
ယနေ့(2.12.2016)စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပလိပ်
စိတ္တရအမကကျောင်းသို့ကလေးများအတွက်စာအုပ်နှင့်စာရေး
ကိရိယာများကိုမြို့နယ်ကော်မတီဝင်ဒေါ်တင်မိုးခိုင်နှင့်စည်းမှူးများ
ရပ်မိရပ့်ဖများကသွားရောက်လှူဒါန်းခဲ့ပါသည်။
ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက်ဆရာတော်အရှင်မြတ် မွေးနေ့မင်္ဂလာတွင် လုပ်အားဒါနပြု
သံတွဲမြို့နယ် ညောင်ပင်သာကျေးရွှာ သုခဝတီကျောင်းတိုက်အတွင်း ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက် (၅) နာရီအချိန်က ကျင်းပပြုလုပ်သော သုခါဝါသဓမ္မရိပ်သာအတွင်း စံပါယ်တော်မူသည့် ဗုဒ္ဓရုပ်ရှင်တော်မြတ်အား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ အရှင်မြတ်၏ သက်တော် (၄၆)နှစ် ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ သံတွဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးစန်းနိုင်နှင့်လူငယ်စည်တော်အဖွဲ့မှ စည်တော်တီးခပ်၍ လုပ်အားဒါန ပေးလှူခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်မြို့ တိုင်းပါတီရုံးတွင်
တိုင်းအမျိုးသမီးရေးရာတာဝန်ခံ၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ၊(၁၄)မြို့နယ်မှ
အမျိုးသမီးရေးရာတာဝန်ခံများတက်ရောက်ပြီးအမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်လုံခြုံရေးအတွက် ဆွေးနွေုးကြပါသည်။
ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပါဝင်လုပ်ကိုင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြား
“အခုဆိုရင် ပါတီမှာ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အပေါ် သဘောထားထုတ်ပြန်ချက်တွေ၊ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ပူးပေါင်းပြီးတော့ အမျိုးသားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ စသဖြင့်ပေါ့ ကျွန်တော်တို့ပါတီဟာ လူ့အခွင့်အရေးထက် အမျိုးသားရေးကို တကယ်ထဲထဲဝင်ဝင် လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ပြည်နယ်ပါတီအနေနဲ့လည်း ဒေသအကျိုး၊ ပြည်သူ့အကျိုးကို တတ်အားသရွေ့ ကူညီလုပ်ဆောင်ပေးရင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်လုပ်ကိုင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
မိုးညှင်းပြည်ခိုင်ဖြိုး ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေးကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်းခရိုင် အရံကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ မြို့နယ်ကော်မတီဝင် ဒေါ်သန္တာဝင်းမောင်၊ မြို့နယ်အရံကော်မတီဝင် ဦးမြဝင်း၊ ဒေါ်ဝါဝါဆွေ တို့သည် တကွင်းကျေးရွာအုပ်စု၊ သဲဂုဏ်ကျေးရွာ စည်းမှူး၊ တွဲစည်းမှူးတို့နှင့်အတူ ယနေ့ (ဒီဇင်ဘာ ၂ ရက်) သဲဂုဏ်ကျေးရွာသို့ ကွင်းဆင်း၍ သဲဂုဏ်ကျေးရွာ ဦးမောင်နိုင်းနေအိမ်၌ ပါတီဝင်စီစစ်ရေးနှင့် ပါတီကေဒါဖွဲ့စည်းရေး ဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုခရိုင်/ရေဦးမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
ရွှေဘိုခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်အတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးတိုးမြင့်၊ ဦးအောင်စိုးဝင်း၊ ဦးတင်ခိုင်၊ ဦးသက်အောင်ဇော်နှင့် ခရိုင်အရန်ကော်မတီဝင် ဦးချစ်သန်း၊ ဦးနိုင်သန်းထွန်းတို့ အဖွဲ့သည် နိုဝင်ဘာ (၃၀) ရက် နေ့လည် (၂) နာရီခွဲအချိန် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ ရေဦမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့မတိုက်နယ် စည်း/မှူး၊ ၊တွဲစည်း/မှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ခံ
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီရုံးတွင် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များမှ ဗုဒ္ဓပူဇာအဖြစ် တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု သက္ကဝတီ ဂျိုးဖြူ တောင်တော်သာသနာ့နယ်မြေတွင် ကိန်းဝပ်စံပယ်တော်မူကြသော ရှေးနှစ်ပေါင်း များစွာ မင်းစဉ်မင်းဆက် ဆရာတော်အစဉ်အဆက် ကိုးကွယ်ခဲ့သော ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ ဘုမ္မိယဆိုင်ရာသိုက်ဘုရားများအား နိုဝင်ဘာ (၂၉) ရက်မှ ဒီဇင်ဘာ (၆) ရက်အထိ ပင့်ဆောင်၍ ပူဇော်ခံလျက် ရှိရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်နီးရပ်ဝေးမှ လုပ်သားပြည်သူများ လာရောက်ဖူးမြော်လျက်ရှိကြပြီး ဒီဇင်ဘာ (၆) ရက်အထိ မည်သူမဆို လာရောက် ဖူးမြော်နိုင်ရန် ဖိတ်ကြားကြောင်း သိရသည်။
တောင်သာပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီက ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။