ပြည်ထောင်စုနယ်မြေပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြား

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၅) ရက် နံနက် ၁ဝနာရီက လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ်ပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေဆုံပွဲကို ဒီဇင်ဘာ (၅) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာ တွဲဘက် တာဝန်ခံ ဦးလှထွန်းဦး မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ အတွင်းရေးမှူး မြောက်ပိုင်းခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၁၁/၂၀၁၆) ဆုံးဖြတ်ချက်များမှ ကောက်နှုတ်ချက်

15284136_462372897271176_7694986087288830351_n


မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၄ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။ (more…)


UNFC အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် အကြောင်းပြန်ပြီးဖြစ်ကြောင်း PNLO ဦးဆောင်နာယကပြော

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  အဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း UNFC သို့ အကြောင်းပြန်ကြားထားပြီး ဖြစ်သည်ဟု ပအိုဝ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ PNLO ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။ (more…)


မြန်မာပြည်တွင်းရေးအား ဖိအားပေးသော မလေးရှားဝန်ကြီးချုပ်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများ ဆန္ဒပြ

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဖိအားပေးသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို မျိုးချစ်သံဃာတော်များနှင့် ပြည်သူများက ဆန္ဒပြပွဲတစ်ခုကို ဒီဇင်ဘာ (၄)ရက် မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။ (more…)


မြန်မာ-တရုတ် နယ်စပ်ကုန်စည်ပြပွဲနှင့် နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးရက် ရွှေ့ဆိုင်း

မူဆယ်မြို့တွင် ဒီဇင်ဘာလလယ်၌ တစ်နှစ်ခြားတစ်ကြိမ် ကျင်းပနေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည် ပြပွဲနှင့်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အစည်းအဝေးကို နယ်မြေဒေသလုံခြုံရေး အခြေအနေကြောင့် ယာယီအချိန် ရွှေ့ပြောင်းထားရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


အပ်ကုန်ကားများ စလစ်ကပ်မှတ်ပုံတင်ခွင့် နောက်ဆုံးအကြိမ် ခြောက်လသက်တမ်း တိုးပေးမည်

မော်တော်ကား အရောင်းစင်တာများမှ Consignment (အပ်ကုန်စနစ်) ဖြင့် ရောင်းချရန် တင်သွင်းထားသော မော်တော်ကားများ စလစ်ကပ်မှတ်ပုံတင်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် ခြောက်လသက်တမ်း တိုးပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။ (more…)


ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့ မြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လူငယ်ရေးရာ အမျိုးသမီးရေးရာ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး တာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်


မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

နမ္မားဒေသ တောင်အင်းကျေးရွာ အုပ်စု ကသဲကုန်းနှင့်တောင်အင်းကျေးရွာတွင် နမ္မား နန်းခမ်းလူငယ်သွေးသစ်မျိုးဆက်သစ်ဦးတင်ဌေး ဦးဆောင်သော အဖွဲ့များက အမက စာသင်ကျောင်းများတွင် အဟာရလှူဒါန်းခြင်း ဗလာစာအုပ်လှူဒါန်ရာ မိုးညှင်းမြို့နယ်အတွင်းရေးမှူးဦးဌေးဝင်း ကော်မတီဝင်ဦးခိုင်ဇော်ထွန်း(နမ္မားတာဝန်ခံ)- ဒေါ်ခင်မာအေး အရန်ကော်မတီဦးမြဝင်း ရပ်ကျေးစည်းမှူး ဦးမင်းနွယ် လူငယ်ကေဒါ ဒေါ်စိုးဟေမာတို့က တက်ရောက်အားပေးကူညီခဲ့ကြောင်း သတင်းရ