ကော့မှူးပြည်ခိုင်ဖြိုးပါတီ ကျေးရွာများအရောက် Social Media အခြေခံသင်တန်း ထပ်မံဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မီဒီယာအခန်းကဏ္ဍကို အရှိန်အဟုန်မြှင့် အားပေးဆာင်ရွက် လမ်းညွှန်မှုများအရ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာများအရောက် တစ်ရွာပြီး တစ်ရွာ မီဒီယာအခြေခံသင်တန်းများကို ကွင်းဆင်းပို့ချလျက်ရှိရာ ကော့မှူးမြို့နယ် အနောက်ခြမ်း တိုက်နယ် ကျိုက်ထော်စံပြကျေးရွာ အုပ်စု အထက်ပိုင်း(၂)လမ်းကျေး ရွာပါတီခေါင်းဆောင် ဦးဌေးအောင် ၏နေအိမ်၌ ထပ်မံ၍ှ Social Media အခြေခံသင်တန်းအား ဇန်န၀ါရီ (၃) ရက် နံနက် ၈ နာရီခွဲ၌ ဖွင့်လှစ်ခဲ့ပြီး ဝါသနာပါ စိတ်ဝင်စားကြသူ ကျေးရွာအတွင်း ပါတီဝင်များ (ကျား ငါးဦး၊ မ ငါးဦး စုစုပေါင်း သင်တန်းသား သင်တန်း သူ ၁ဝ ဦး) တက်ရောက်ခဲ့သည်။

(more…)


ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၄) ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

(more…)


ဗဟိုအတွင်းရေးမှူးဒေါ်စန်းစန်းနွယ်နှင့် အဖွဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပနေမှုနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးချီးမြှင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့်တို့သည် ရခိုင်ပြည်နယ် ဇန်န၀ါရီ (၄) ရက်နေ့က သံတွဲမြို့နယ် မြို့နယ်ပါတီရုံးရှေ့တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုနှင့် ဆုချီးမြှင့်ပွဲအား တက်ရောက်အားပေးကာ ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ပါတီလုပ်ငန်းစဉ် များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၃) ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်ပါတီရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင် အင်အား (၁၅၀)ကျော်နှင့် တွေ့ဆုံပြီး ပါတီ၏ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်း လုပ်ဆောင် ချက်များနှင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရန် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ ကားလမ်းမအချို့ ခေတ္တပိတ်မည်

ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပမည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် အချို့လမ်းမကြီးများနှင့် လမ်းသွယ်များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများ ဖြစ်ကြသည့် Yoma Strategic Holdings, First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) တို့မှ ကြေညာလိုက်သည်။ (more…)


မဲဆန္ဒနယ်ပြင်ပရောက်နေသူများ မတ်လဆန်းကစ၍ ကြိုတင်မဲပေးနိုင်

မဲဆန္ဒနယ်ပြင်ပရှိ အချုပ်ခန်း၊ သင်တန်း၊ ကျောင်းနှင့် ဆေးရုံများသို့ ရောက်ရှိနေသည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များသည် မတ်လ ၃ ရက်မှ ၁၀ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ (more…)


ပုဏ္ဏားကျွန်းတွင် အသေးစားပေါက်ကွဲမှုဖြစ် မင်းပြားတွင်လည်း လက်လုပ်မိုင်းတစ်လုံးတွေ့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် ဇန်န၀ါရီ ၁ ရက် ညနေက အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းအနီး မေလွမ်းကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်၌လည်း လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဇန်န၀ါရီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ (more…)


ကျောက်မျက်ရတနာမျိုးစုံကို ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ဖြင့်ရောင်းချမည့် Mandalay Yatanar Mall မကြာမီ ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့် ကျောက်မျက်ရတနာဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းဆိုင်များကို တစ်နေရာတည်းတွင် ဆိုင်ခန်း ၃၀၀ ကျော်ဖြင့် စုစည်းခင်းကျင်းရောင်းချမည့် Mandalay Yatanar Mall ကို ဇန်န၀ါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (more…)


ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုးပါတီ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲ အခမ်းအနားဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အမျိုးသားဘောလီဘောပြိုင်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ လားဟူနှစ်သစ်ကူးပွဲ တက်ရောက် အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုး၊ ခရိုင်ကော်မတီဝင် ဦးဟန်ဦး၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော် မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးထက်အောင် နှင့် လူငယ်အဖွဲ့ဝင်များလိုက်ပါခဲ့လျှက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်း(စံပြ) ကျေးရွာတွင် ၂၀၁၇ ဇန်န၀ါရီလ (၁) ရက်က ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။