ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဖရူဆိုမြို့နယ် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဒီဇင်ဘာ (၅) ရက် မွန်း လွဲ ၁နာရီက ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်(တောင်သူလယ်သမား ရေးရာကော်မတီ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်လှိုင်မြင့် (စည်းကမ်းထိန်းသိမ်း ရေးကော်မတီ)၊ ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာကော်မတီ)၊ ဦးကိုကိုနိုင်(သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနကြီး)၊ ဦးကိုကိုလွင်(လုပ်ငန်းစိစစ်ရေးကော်မတီ)၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီ ဝင်များနှင့် လွိုင်ကော်ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးတို့လိုက်ပါလျက် ကယားပြည်နယ် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ရွာဦးကျောင်းဆရာ တော် ဦးနန္ဒိယ အားသွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်မိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁ဝသိန်းသွားရောက်လှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မိသားစု နေပြည်တော်ရှိ စွန့်လွှတ် စွန့်စားသူများကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဝေယျာဝစ္စအတွက် ငွေကျပ် ၁ဝ သိန်းကို ဒီဇင်ဘာ (၆) ရက် ညနေက သွားရောက်လှူဒါန်းခဲ့သည်။

စရိတ်လစာနှင့် ကော်မရှင်အဖွဲ့ခွဲဝင် သက်တမ်းကို ပြင်ဆင်ရန် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပြင်ဆင်မည်

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ သက်တမ်းကို ၅ နှစ်ထားရှိရာမှ ကိုးလအဖြစ်သို့ ပြင်ဆင်ခြင်းနှင့် လစဉ် ချီးမြှင့်ငွေများကို ပြင်ဆင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လွှတ်တော်သို့ တင်ပြ လိုက်သည်။ (more…)


အစိုးရသစ်လက်ထက် ရှစ်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုတွင် ကုန်သွယ်မှုလျော့ကျခဲ့

အစိုးရသစ်လက်ထက် ရှစ်လတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်း ၁၅ ခုအနက် စခန်းခြောက်ခုတွင် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သတင်းရရှိသည်။ (more…)


မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်း

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာဆန္ဒပြသည့် ဖြစ်စဉ်များကြောင့် မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။ (more…)


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ဒေသတွင်နေထိုင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနားလည်ပြီး လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ယင်းသို့နေထိုင်လုပ်ကိုင်ခြင်းမရှိဘဲ မိမိဘာသာရပ်တည်ချက်ဖြင့် နေထိုင်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း၊ နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင်ခြင်း တို့မှာ မဖြစ်နိုင်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား ဒီဇင်ဘာ (၆) ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

 

 

(more…)


တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်၍ ဘင်္ဂါလီအရေးကိစ္စများဖြစ်ပေါ်လာ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရန် ကြိုးပမ်း လုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့် အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားခဲ့သည်။

15369283_691858250983689_6380596143446498798_o

(more…)


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အသိပေးကြေညာချက် ထုတ်ပြန်ထား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာ (၅) ရက်နေ့က အသိပေးကြေညာချက် ထုတ်ပြန်ထား ကြောင်း သိရသည်။ အဆိုပါကြေညာချက်တွင်-

(more…)


မာန်ဟုန်ပြင်းချီ ရှေ့သို့ဆီ ချောင်းဆုံပြည်ခိုင်ဖြိုး

 

ယနေ့ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌လပတ်ပုံမှန်အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးတွင်မြို့နယ်ဥက္ကဌ
ဦးမင်းအောင်သူမှကြားဖြတ်ရွေးကောက်ပွဲနှင့်ပက်သက်၍ရွေး
ကောက်ပွဲအောင်နိုင်ရေး/ ပါတီဝင်များစည်းလုံးညီညွတ်ပြီးခွန်အား
သစ်ဖြင့်ယှဉ်ပြိုင်စေရေးချောင်းဆုံမြို့နယ်ပြည်သူလူထုအတွက်တစ်
ထောင့်တစ်နေရာမှအားတက်သရောကူညီဆောင်ရွက်နိုင်ရေးအမိုး
ဘာသာ/ သာသနာအတွက်အားကြိုးမာန်တက်ကူညီဆောင်ရွက်ပေး
ကြဖို့လမ်းညွန်မှာကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ်အတွင်းရေးမှူးဦးမိုးမြင့်မှမီဒီယာနှင့်ပက်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ရပ်/ကျေးစည်းမှူးများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကိုနံနက်11:30အချိန်တွင်စ
တင်ပြီးနေ့လည်1:35အချိန်တွင်ပြီးဆုံးခဲ့သည်။
အစည်းအဝေးကိုမြို့နယ်ကောမတီဝင်များနှင့်ရပ်/ကျေးစည်းမှူးစုစုပေါင်းအင်အား(50)ကျော်တက်ရောက်ခဲ့ကြသည်။


မဟာမိတ်တပ်ပေါင်းစုကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ရန် အရေးကြီးအဆိုတင်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KIA၊TNLA နှင့် MNDAA မဟာမိတ် တပ်ပေါင်းစု လက်နက်ကိုင် သောင်းကျန်းသူများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြောင်း အရေးကြီးအဆိုကို ယနေ့ (ဒီဇင်ဘာလ ၆ ရက်နေ့) ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်သူက တင်သွင်းခဲ့သည်။ (more…)