မိုးညှင်းမြို့နယ် ဟိုပင်မြို့၌ တည်ထားကိုးကွယ်လျက်ရှိသော မြောက်ရွှေတိဂုံ တံခွန်တိုင် လုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲကို ဒီဇင်ဘာ (၂၂) ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော် လှူဒါန်းသော အလှူတော်ငွေကျပ်သိန်း ၁၅ဝ ကို ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး က ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့နာယက ဦးရှန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။