မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးမျိုးမင်းလှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သူနှင့်အဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ခေါင်းဆောင်များ၊ စည်းရုံးမှူးများစုစုပေါင်းအင်အား (၉၆)ဦးတက်ရောက်ကြပါသည်။



