ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၅) ရက် နံနက် (၁၀) နာရီခွဲအချိန် က တောင်ကုတ်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင် တောင်ကုတ်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ၊ အမျိုးသမီးများ စုစုပေါင်း ၂၀၀ ဦးခန့် နှင့် တွေ့ဆုံခဲ့သည်။
ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တပညာသာမိအား သင်္ကန်းဆက်ကပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှမြို့နယ် အတွင်းရေးမှူး ဦးဆွေဦး ဦးဆောင်၍ ပါတီကော်မတီဝင်များ လိုက်ပါလျှက် ၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း(၇) ရက်နေ့၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းတွင် ဂန္တ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ကျောက်ဆည်မြို့ ကံဦးရပ်၊ မင်းကုန်းမဟာ စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာသာမိအား သင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ချောင်းဆုံပါတီကော်မတီနှင့်တွေ့ဆုံ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာ တိုးတိုးအောင် နှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ဇန်န၀ါရီ ၃၀ ရက် စတင်မည်
ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် စတင်မည့်ကာလကို ဇန်န၀ါရီ ၃၀ ရက်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားရာ ယခုလကုန်ကစ၍ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ် သည်။ (more…)
မြန်မာနိုင်ငံကို အိုင်အက်စ် ပစ်မှတ်ထားလာနိုင်ဟု မလေးရှားရဲ သတိပေး၊ မြန်မာနိုင်ငံသို့ လာရောက် အကြမ်းဖက် လှုပ်ရှားရန် စီစဉ်နေသူတစ်ဦးကို မလေးရှားတွင် ဖမ်းမိထား
ဘင်္ဂါလီပြဿနာကြောင့် မြန်မာနိုင်ငံသည် အိုင်အက်စ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ ပစ်မှတ်ထားခြင်းကို ခံလာရနိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတိပေးပြောကြားသည်။ မလေးရှားရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက် ဖျက်ရေး အထူးယူနစ်သည် ပြီးခဲ့သည့်လက လူတစ်ဦးကို ဖမ်းဆီးခဲ့ရာ ၎င်းသည် အိုင်အက်စ်လိုလားသူတစ်ဦး ဖြစ်နေသည့်အပြင် မြန်မာနိုင်ငံသို့ထွက်ခွာပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးရန် အစီအစဉ်ရှိနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ (more…)
မြန်မာ Passport ကမ္ဘာ့အဆင့် ၈၆ မှာ ရှိ
ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအကြံပေးကုမ္ပဏီ အာတန်ကက်ပီတယ်လ် (Arton Capital) က ကမ္ဘာမှာ သြဇာ အရှိဆုံး နိုင်ငံကူးလက်မှတ် (Passport) စာရင်း ၂၀၁၆ ခုနှစ်ကို သူ့ရဲ့ ကမ္ဘာ့နိုင်ငံကူးလက်မှတ်အဆင့် ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားရာ ဂျာမနီက ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ပြီး ဆွီဒင်နိုင်ငံက အဆင့် ၂ နေရာမှာ ရှိပါတယ်။ (more…)
ကချင်ပါတီ တစ်ခုဖွဲ့စည်းနိုင်ရန် ကချင်နိုင်ငံရေးပါတီ ၄ ပါတီ ပေါင်းပြီ
ကချင်ပြည်နယ်၊ ကချင်နိုင်ငံရေးပါတီ ၄ ခု ပူးပေါင်းပြီး ပါတီတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားရန် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပါတီခေါင်းဆောင်များ အစည်းအဝေးကျင်းပ၍ သဘောတူညီခဲ့ကြသည်။ (more…)
ပါတီနှင့် အဖွဲ့အစည်း ၅၀ ပါဝင်သော အမျိုးသားအင်အားစုများ ငြိမ်းချမ်းရေး သဘောထားတင်ပြချက်ထုတ်ပြန်
ပြည်တွင်းအဖွဲ့အစည်း ၅၀ ပါဝင်သော အမျိုးသားအင်အားစုများ၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်ကို (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (more…)
ပြည်တွင်း၌ နိုင်ငံခြားငွေ အသုံးလျှော့ချရန် ဗဟိုဘဏ်ထပ်မံစာထုတ်
အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများ၊ အဖွဲ့အစည်အများက ကုန်ပစ္စည်းများ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ငွေပေးချေမှု၌ နိုင်ငံခြားငွေကို အသုံးပြုနေသဖြင့် မြန်မာကျပ်ငွေတစ်မျိုးတည်းသာ အသုံးပြုရေး ညှိနှိုင်းဆောင်ရွက် ရန် ဗဟိုဘဏ်က ထပ်မံစာထုတ်ပြန်ခဲ့သည်။ (more…)