ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးတင်ဝင်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်း တို့ဦးဆောင်မှုဖြင့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ‘ဖြိုးစေတနာ’ တာဝန်ခံဆရာဝန် ဒေါက်တာသိန်းဇော်မြင့်တို့ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်ကျန်းမာရေးစောင့်ရှောက် ကုသပေးလျက်ရှိရာ ကော့မှူး အရှေ့ခြမ်း သမင်ခြံကျေးရွာအုပ်စု ဆိုင်ကလုန်းရှယ်တာတွင် နံနက် ၈ နာရီမှစ၍ ၁၁ နာရီအထိ အနီး ဝန်းကျင် ကျေးရွာများဖြစ်သော ထန်းတပင်ကျေးရွာ၊ သရက်တော ကျေးရွာ၊ တာတိုက်ကျေးရွာများမှ လူနာ ၂၄ဝ ကို ကုသပေးခဲ့သည်။