အမေရိကန် မြန်မာ လေကြောင်းလိုင်းတွေ တိုက်ရိုက်ပျံသန်းဖို့ စီစဉ်နေ

အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား လေကြောင်းလိုင်းတွေ တိုက်ရိုက်ပျံသန်းနိုင်ဖို့အတွက် ၁၉၄၉ ခုနှစ်က လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့သည့် သဘောတူချက်တခုကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ချောင်းဆုံရှိ ဒေသခံမိဘပြည်သူများ ပါတီဝင်များ နှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီအဖွဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိဒေသခံမိဘပြည်သူများ၊ ပါတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီက ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ပြုရန် ချင်းပါတီတောင်းဆို

တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူညီချက် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ချင်းပြည်နယ်တွင် ပြုလုပ်ခွင့်ပေးရန် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက တောင်း ဆိုလိုက်သည်။ (more…)


ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများက ရန်ပြုရန် ၀ိုင်းရံလာသဖြင့် တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်သဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ သည့်ဖြစ်စဉ်တွင် ငါးဖမ်းလှေများက တပ်မတော်ရေယာဉ်ကို အကြမ်းဖက်ရန်ပြုရန် ၀န်းရံလာသဖြင့် ပစ်ခတ် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ (more…)


မဲစာရင်းမှတ်ပုံတင်စက်ကို စမ်းသပ်အသုံးပြု

နိုင်​ငံတကာတွင်​ အသုံးပြုနေသော ကိုရီးယားနိုင်​ငံထုတ်​ မဲစာရင်းမှတ်ပုံတင်​သည့်​စက်​ကို ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်က ရန်ကုန်​တိုင်းရှိ မြို့နယ်​သုံးခုတွင်​စမ်းသပ်​အသုံးပြုခဲ့သည်​။ ဓာတ်​ပုံရိုက်​၍ရခြင်း၊ လက်​​ဗွေနှိပ်​စက်​ပါရှိခြင်းနှင့်​ မဲဆန္ဒရှင်​၏ အချက်​အလက်​များကို ရိုက်​နှိပ်​၍ရခြင်း စသည့်​ အားသာချက်​များရှိ​ကြောင်း​ ကော်​မရှင်​မှသိရသည်။ (more…)


ရခိုင်တွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC စိစစ်ထုတ်ပေးရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC (National Verification Card) စိစစ်ထုတ်ပေးခြင်းလုပ်ငန်းများကို နယ်လှည့်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ၀န်ကြီးအပါအ၀င် ခုနစ်ဦးပါဝင်သော ဦးဆောင်အဖွဲ့ကို နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းလိုက်သည်။ (more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ကရင်ပြည်နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနား တစ်ရပ်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ဘားအံပြည်နယ်ပါတီရုံး ဒေါနအစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
တွေ့ဆုံပွဲတွင် ပါတီမြို့နယ် အဆင့်ဆင့်ဖြစ် သော ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များမှ ပါတီဥက္ကဋ္ဌများက ၄င်းတို့မြို့နယ်အလိုက် ဆောင် ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ (more…)


လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်များနှင့် ကွင်းဆင်းမိတ်ဆက်

 

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယု သည် ၄င်း၏မဲဆန္ဒနယ်ဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက် ၂ဝ၊ ကျေးရွာ ကိုးအုပ်စုမှ မဲဆန္ဒ ရှင်ပြည်သူများနှင့် ယခုလ ၁ရက် မှစ၍ Door to Door ကွင်းဆင်း မိတ်ဆက်လျက်ရှိကြောင်း သိရ သည်။

လူငယ်နှင့်အမျိုးသမီးများ၏ လူမှုစွမ်းရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဖွင့်လှစ်သော လူငယ်နှင့် အမျိုးသမီးများ၏ လူမှုစွမ်းရည် မြှင့်တင်မှုသင်တန်းကို ယခုလ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ဖွင့်လှစ်ခဲ့ သည်။

ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်

 

နှစ် (၇ဝ)ပြည့် ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖလား ပခုက္ကူခရိုင်ရှိ ငါးမြို့နယ် ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲအား ခရိုင်ပါတီရုံးဝင်းအတွင်းရှိ အား ကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲအားမျိုးဆက်သစ် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဘော်လီ ဘောအားကစားတိုးတက်ဖွံ့ဖြိုးလာ စေရန်နှင့် မြို့နယ်၏ဂုဏ်၊ ခရိုင်၏ ဂုဏ်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲအား ယနေ့မှ ယခုလ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပခုက္ကူခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းအေးဦးဆောင်သော ပြိုင်ပွဲ ကျင်းပရေးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ပခုက္ကူခရိုင် ပါတီကိုယ် စားပြုအသင်း၊ ပခုက္ကူမြို့နယ် ကိုယ်စားပြုအသင်း(က)၊ (ခ)နှင့် (ဂ)၊ ရေစကြိုမြို့နယ်ပါတီကိုယ် စားပြုအသင်း၊ မြိုင်မြို့နယ်ပါတီ ကိုယ်စားလှယ်ပြုအသင်းနှင့် ဆိပ် ဖြူမြို့နယ်ပါတီကိုယ်စားပြုအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။