ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးစိုင်းကျော်တင်ရွှေ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

ဦးစိုင်းကျော်တင်ရွှေ၏ ကိုယ်ရေးအကျဉ်း
*************************************
၁၉၅၆ခုနှစ်တွင် အဖ ဦးဖိုးကြည် အမိဒေါ်နန်းထူးတို့မှ မိုင်းရှူးမြို့တွင် မွေးဖွားခဲ့သည်။ ရှမ်းလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်နန်းအောင်ဆာဖြစ်သည်။ အမှတ် ၄/၇ မဟာဗန္ဓုလလမ်း ရပ်ကွက်(၄) မိုင်းရှူးမြို့တွင် နေထိုင်ပါသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု အစီရင်ခံစာဖော်ပြချက်အပေါ် တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ဖော်ပြထားသော အစီရင်ခံစာနှင့်ပတ်သက်ပြီး တပ်မတော်မှ  စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။ (more…)


မလေးရှားထောက်ပံ့ရေးသင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်ရှိ တပ်မတော်ရေယာဉ်အကူအညီဖြင့် ထောက်ပံ့ရေး ပစ္စည်းများ ရခိုင်သို့သယ်မည်

ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာ သည့် မလေးရှားနိုင်ငံမှ Nautical Aliya သင်္ဘောသည် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် သန်လျင်သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။ (more…)


အစိုးရ၏ နိုင်ငံခြားငွေတည်ငြိမ်ရေး ဆွေးနွေးပွဲပြီးနောက် ဒေါ်လာတန်ဖိုးမြင့်တက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ် ရေးဆွေးနွေးပွဲ ကျင်းပပြီး နောက်တစ်ရက်တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်သို့ မြင့်တက်လာသည်။ (more…)


ရခိုင်ပြည်နယ်အရေး ပုပ်ရဟန်းမင်းကြီး၏ဝေဖန်မှုထွက်ပေါ်လာပြီးနောက် အထူးကိုယ်စားလှယ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နေအိမ်၌လက်ခံတွေ့ဆုံခဲ့

ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် ပြုမူဆက်ဆံနေပုံနှင့်ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးမှ ဝေဖန် အပြီး ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နေအိမ်၌ ဖေဖော်ဝါရီ (၈)ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ (more…)


ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနိုင်ငံရေး သင်တန်းကျောင်းအဖွဲ့ နှင့်တွေ့ဆုံ

 

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်းအဖွဲ့တို့ တွေ့ဆုံ ပွဲကို ဖေဖေါ်ဝါရီလ(၈) ရက် နေ့လည် (၂း၁၅)နာရီမှ ညနေ(၃း၁၅)အချိန်အထိ ပြည်နယ်ပါတီရုံး ပြည်နယ် ပါတီဥက္ကဌရုံးခန်း၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင်များနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံရေးဆိုင်ရာ ဌာနေကိုယ်စားလှယ် Bram Steenhuisen (ကိုကောင်းစံ) ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တောင်ကုတ်မြို့နယ်ပါတီ ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့် ပါတီဝင် နှစ်စဉ်ကြေးပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၇) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် (အရံဗဟိုကော်မတီဝင်) ဦးထွန်းဝေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီး၊ အတွင်းရေးမှူး ဦးကျော်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် များ၊ တက်ရောက်ခဲ့ကြသည်။

ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ၂ဝ၁၅-၂ဝ၁၆ မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ရမ်းဗြဲမြို့နယ်မြေပုံရွာ မြေပုံအထက(ခွဲ)ကျောင်း ခန်းမ၌ ယခုလ ၆ရက် မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်ပါတီ နယ်မြေဒေသအလိုက် ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ပါတီ၏လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် ဖေဖော်ဝါရီ (၉) ရက် နံနက်(၁၀း၃၀)အချိန်မှစတင်ကာ တော်လတီဒေသ၊ အိုင်ကလောင်ဒေသနှင့် အဖျောက်ဒေသရှိ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံကာ ပါတီ၏လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အစိုးရ၏ နိုင်ငံခြားငွေတည်ငြိမ်ရေး ဆွေးနွေးပွဲပြီးနောက် ဒေါ်လာတန်ဖိုးမြင့်တက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ် ရေးဆွေးနွေးပွဲ ကျင်းပပြီး နောက်တစ်ရက်တွင် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန် ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၇၀ ကျပ်သို့ မြင့်တက်လာသည်။ (more…)