ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုသည် (၁၉.၂.၂၀၁၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုသည် (၁၉.၂.၂၀၁၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ရေလယ်ဘုရား မဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲ ဝေယျာ ဝစ္စလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးနှင့် (ပထမအကြိမ်) အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ (၁၈) ရက်က မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင်ကော်မတီ ၀င် ဦးသောင်းမြင့်၊ ဒေါ်သင်းသင်းလှိုင်၊ လှိုင်သာယာမြို့နယ် ပါတီကော်မတီဝင် ဦးအောင်တင်ဝင်း၊ ဦးမြင့်သိန်း၊ ဦးစောလွင်ဦး တို့နှင့် ရွှေလင်ပန်းကျေးရွာ ပါတီဥက္ကဌ ဦးအေးတင့်နှင့် အောင်နိုင်ရေးပါတီဝင်များသည် ဖေဖော်ဝါရီ (၂၀) ရက်က ရွှေလင်ပန်းကျေးရွာ၊ ကျုံစုကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ်တက်ဆင်း သွားရောက် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ၏
လပတ်ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ ခရိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်ကျေးခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ မဲဆန္ဒရှင် မိဘပြည်သူများအား စည်းရုံးမဲဆွယ်လျှက်ရှိရာ ဖေဖော်ဝါရီလ (၂ဝ) ရက် နံနက် (၉) နာရီမှ ညနေ ၀၄း၃၀ အချိန်ထိ ချောင်းဆုံမြို့နယ်ဒရယ်ကျးရွာသို့ မဲဆွယ် စည်းရုံးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်း စည်းရုံးဆောင်ရွက်ခြင်းအား ယခုလ ၁ ရက်မှ စတင်ဆောင်ရွက်လျက် ရှိသည်။

ကျင်းပပြီးစီးခဲ့သော ဆဋ္ဌမအကြိမ်မြောက် ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များအား ဆုလက်မှတ် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ (၁၉) ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ ရှမ်းပွဲရပ်ကွက် ရာပြည့်သာသနာ့ ဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တက်ရောက်၍ စာအောင်ဆုလက်မှတ်များဆက်ကပ် လှူဒါန်း ကြည်ညိုခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၂၀) ရက် နံနက် ၉ နာရီမှစ၍ ကော့မှူးအနောက်ခြမ်းဒေသ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပားကျေးရွာများရှိ ဒေသခံပြည်သူတို့ထံ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်မိတ်ဆက်လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီး ပါတီအောင်နိုင်ရေးအလံများ ပေးအပ်ခဲ့ရာ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးတို့က ဦးဆောင်၍ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကော်မတီများ၊ ကော့မှူး မြို့နယ် မြို့နယ်ပါတီကော်မတီများ၊ ကျေးရွာပါတီခေါင်းဆောင်များ စုပေါင်းဝန်းရံအင်အား ၉ဝ ကျော်တို့ဖြင့် တက်ကြွစွာဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့မှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။