နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုထောက်ခံသောအားဖြင့် ကြို့ပင်ကောက်မြိုပနယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီခန့်က ထမနဲထိုးပွဲ၊ တွေ့ဆုံပွဲ နှင့် လစဉ်ကြေး ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးက ပါတီဝင်များအား ယနေ့ကျင်းပသည့် အခမ်းအနားနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီဝင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ပြည်ခိုင်ဖြိုးပါတီနှင့်ပ တ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။