လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ၍ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ (more…)
ချင်းပြည်နယ်အတွင်းမှ AA မထွက်ခွာပါက စစ်ရေးအရ ဖြေရှင်းမည်ဟု CNF ဆို
ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA (ရခိုင် လက်နက်ကိုင်အဖွဲ့)များ ထွက်ခွာခြင်း မပြုပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောကြားသည်။ (more…)
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် ရခိုင်ပြည်နယ် အမ်းမြို့အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြား သော အမှာစကားမှ ကောက်နှုတ်ချက်များ
၁။ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုပါတီဖြစ်
၂။ အဆင့်ဆင့်သောပါတီဝင်များ၏ သဘောထားနှင့်ပကတိ အခြေနေများအား သိရှိလို၍ ပါတီဗဟို ဥက္ကဌ
တစ်ဦးအနေဖြင့် မြို့နယ်များအထိ ရောက်အောင်သွားပြီး ပါတီဝင်များအား တွေ့ဆုံနေခြင်းဖြစ် (more…)
ပါတီဥက္ကဋ္ဌဦးသန်းဌေး မန်းရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို အလှူငွေများလှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်နှင့် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး တို့သည် ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော် ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေရန်ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခဲ့သည်။
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု
ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်တွင် ဖံဖကျေးရွာနှင့် ကော့မုပွန်ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူ များနှင့်တွေ့ဆုံ မဲဆွယ်စည်းရုံးခဲ့သည်။
ကျေးဇူးရှင်ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ကျပ်သိန်း ၁ဝဝ လှူဒါန်း
ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ ရုပ်ကလာပ် တော်ထားရှိရာ ယာယီစံကျောင်းဖြစ်သည့် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် အောင်မြေသာစည်အလယ်တိုက်ကြီးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၁၅) ရက် ညနေ ၄ နာရီခွဲက သွားရောက်ဖူးမြော်၍ ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရန်အတွက် ပြည်ခိုင်ဖြိုး ပါတီမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၁ဝဝ အား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက အန္တိမဈာပန ကျင်းပရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အမ်းမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ၁၅.၂.၂၀၁၇ နေ့ နေ့လည် ၂ နာရီအချိန်တွင် အမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ ပါတီဝင်များနှင့် တွေ့ဆုံခဲ့၍ ပါတီဥက္ကဋ္ဌကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့နှင့် UNFC သဘောတူ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမတိုင်မီ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကျင်းပရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များဖြင့် စုဖွဲ့ထားသော UNFC တို့အကြား သဘောတူထားကြောင်း သတင်းရရှိသည်။ (more…)
ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု ကန်ဒေါ်လာ သန်းတစ်ထောင်ကျော် လျော့ကျ
ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ်အောက် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် လျော့ကျ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)
စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနပြုလုပ်ပြီး အရိုးပြာအိုးကို ဧရာဝတီ မြစ်အတွင်းရေမျှောပူဇော်မည်
ဘဝ နတ်ထံပျံလွန်တော်မူသွားသော စုဒ္ဒ သမရွှေကျင်သာသနာပိုင် ဝါဆိုဆရာ တော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အ ဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနအခမ်းအနားကို ကျင်းပရန် ရွှေမန်းတောင် အားကစားကွင်း၌ ပြင်ဆင်နေပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အန္တိမဈာပနကျင်းပရေး ကော်မတီ တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (more…)