မျိုးချစ်လူငယ်များနှင့် မြန်အောင်ပြည်ခိုင်ဖြိုးတွေ့ဆုံ

 

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့ နယ်တို့မှ အမျိုးသားရေးဆောင် ရွက်နေကြသော မျိုးချစ်လူငယ်များ နှင့်မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ကမြန်အောင် ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လက်ရှိဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ မီဒီယာများ၏ ဘက်လိုက်မှု၊အမျိုး သားရေးသမားများနှင့်ပြည်ခိုင်ဖြိုး ပါတီတို့၏ အမျိုးသားရေးလှုပ်ရှား ဆောင်ရွက်မှုများကိုအကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
Online media တွင် နေ့စဉ် ဖြစ်ပေါ်နေသော အမျိုးသားရေး အကြောင်းအရာများနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေး ကြပြီး ပြည်သူတို့၏အကျိုးစီးပွား အတွက် လက်တွဲဆောင်ရွက်သင့် သည့်ကိစ္စရပ်များကို လက်တွဲ ဆောင်ရွက်သွားကြရန် ဆွေးနွေးပွဲ မှ သဘောတူညီခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၆) ရက် မွန်းလွဲ ၂ နာရီတွင် ကယား ပြည်နယ် ဖရူဆိုမြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံခဲ့သည်။

 

(more…)


တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို ဧပြီအတွင်း ကျင်းပနိုင်ရန် စီစဉ်

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA မထိုးရသေးသည့်အဖွဲ့များပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီး ခေါင်းဆောင် များအစည်းအဝေးကို ဧပြီအတွင်း ကျင်းပနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ (more…)


NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာ

လက်ရှိ အန်အယ်လ်ဒီအစိုးရသစ် လက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူခွင့်တွေ ဆုတ်ယုတ်လာတယ်လို့ ပြည်တွင်းက သတင်းသမားတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။ လာမယ့်ဧပြီလဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာလွှဲပြောင်းရယူတာ ၁ နှစ်ပြည့်ပြီဖြစ်ပြီး စတင်အာဏာလွှဲပြောင်းရယူတုန်းက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရ ယူခွင့်တွေ ပိုမိုရရှိလာမယ်လို့ သတင်းသမားတွေက မျှော်လင့်ခဲ့ကြတာပါ။ (more…)


ဘဏ်ချေးငွေ အတိုးနှုန်း ပြောင်းလဲရန် ဗဟိုဘဏ်စီစဉ်

ချေးငွေအမျိုးအစားပေါ်မူတည်၍ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေအတိုးနှုန်း ကောက်ခံမှုကို ပြောင်းလဲရန် စီစဉ် နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် မဲစာရင်း မတ်လ ၂၅ ရက်နေ့အထိ ပြင်ဆင်နိုင်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို မတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့အထိ သွားရောက် ကြည့်ရှုပြီး ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။ (more…)


မူဆယ်မြို့ လုံခြုံရေး အခြေအနေကြောင့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ရက်ထပ်မံရွှေ့ဆိုင်း

တရုတ်-မြန်မာ (၁၆) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအစည်းအဝေးနှင့် ကုန်စည်ပြပွဲကို မူဆယ်မြို့တွင် မတ်လအတွင်း ကျင်းပရန်စီစဉ် ထားသော်လည်း နယ်မြေဒေသ အခြေအနေ၊ လုံခြုံရေးအခြေအနေကြောင့် ထပ်မံ ရက်ရွှေ့လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ (more…)


“လောက်ကိုင်မှ စစ်ဘေးရှောင်သူ ဦးရေ ၁၂၀၀ ခန့် ရှိနေပြီ ဖြစ် “

လောက်ကိုင်မှ တိမ်းရှောင်လာသော စစ်ရှောင်ဦးရေ ၁၂၀၀ ခန့် ရှိနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ မန်ဆူ ရှမ်းကျောင်းတွင် ခေတ္တအနားယူကာ နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ အမှာစကားကောက်နုတ်ချက်(ညောင်ရွှေမြို့)

* ယနေ့ မြန်မာနိုင်ငံစီးပွားရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုအခြေအနေမှာ အကောင်းဘက်သို့ ရှေးရှုသောအခြေ အနေမဟုတ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ အရည်အချင်းပေါ်တွင်မူတည်။
* လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုအပေါ် တာဝန်ယူ တာဝန်ခံမှုမရှိဘဲ သူတစ်ပါးကို အပြစ်ဖို့ တာဝန်လွှဲချခြင်းသည် တာဝန် ကြီးကြီးမားမား ထမ်းဆောင်ရသူတို့ ပြုမူသင့်သော အပြုအမူမဟုတ်။

 

(more…)


ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစည်း ရုံးဆောင်ရွက်ခဲ့သည်။

 

(more…)