ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်နာယက နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် အဖွဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သဃာတော်များအား အာရုဏ်ဆွမ်း လောင်းလှူ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်နာယက နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မွေး/ရေဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့် တို့ သည် တိုင်း / ခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးအဖွဲ့များနှင့်အတူ (၁၇.၃.၂၀၁၇)ရက်နေ့တွင် အမရပူရမြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာတော်အပါး
(၁၂၀၀)ကျော်အား အာရုဏ်ဆွမ်းလောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။

ဗဟိုဦးဆောင်နာယက ဦးသိန်းစိန်နှင့် မန္တလေးတိုင်း/ခရိုင်အဆင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်သည် မတ်လ (၁၆) ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လတ်တလော ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် နယ်ပယ်အသီးသီးအလိုက် အခြေအနေအရပ်ရပ်ကို နိုင်ငံတကာအခြေအနေနှင့်နှိုင်းယှဉ် သုံးသပ်ကြရန်။

နိုင်ငံသားဖြစ်ထိုက်သူများကို ဖြစ်ခွင့်ပေးရေး ပါဝင်သည့် ကြားဖြတ်အစီရင်ခံစာကို ကိုဖီအာနန် ကော်မရှင် ထုတ်ပြန်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် အစိုးရထံသို့ အကြံပြုသည့် ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို့  မတ်လ (၁၆) ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် ထုတ်ပြန်လိုက်သည်။ (more…)


ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အစိုးရ အကောင်အထည်ဖော်သွားမည်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကို အစိုးရအနေဖြင့် လက်ခံသွားမည်ဖြစ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်သွားမည်ဟု မတ်လ ၁၆ ရက်နေ့ ညက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။ (more…)


စစ်ရေးလေ့ကျင့်မည့် ကိုကိုးကျွန်းအနီး ငါးဖမ်းလှေများမသွားလာရန် တပ်မတော်သတိပေး

ကိုကိုးကျွန်းအနီး တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Combined Fleet Exercise) လုပ်ဆောင်မည်ဖြစ်၍ အဆိုပါဧရိယာအတွင်း ကုန်တင်စက်လှေနှင့် ငါးဖမ်းလှေများ မသွားလာကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သတိပေးထုတ်ပြန်သည်။ (more…)


ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပါတီကော်မတီဝင်များ ပါတီအောင်နိုင်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီအောင်နိုင်ရေး ကော်မတီအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီမှစတင်ကာ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား ၅ဝ နှင့်အတူ အဝိုင်းကျေးရွာနှင့် မလစ် ကျေးရွာ အရှေ့ပိုင်းအတွင်းရှိ ဒေသခံ မိဘပြည်သူများထံ အဖွဲ့များဖြန့်ခွဲ၍ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရွေးချယ်ခံမည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးနေလင်း၏ အောင်နိုင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ပါတီဝင်များမှ ပြည်သူ့အား ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ပြည်သူတို့၏ သိရှိလိုသည့်အချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။

ယခုနှစ်နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှည့်ကျ ဓာတ်အားဖြတ်တောက်မည်

၂၀၁၇ ခုနှစ် နွေရာသီ ဧပြီ၊ မေ၊ ဇွန်လ ပူပြင်းလာသည့်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ လျှပ်စစ် ဓာတ်အားကို တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အလှည့်ကျ ဓာတ်အားဖြတ်တောက် မည့်အစီအစဉ်များ ကို စီမံထားရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မတ် ၁၆ ရက် နံနက်က နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။ (more…)


အခွန်မကောက်မီ ရွှေဝယ်စုဆောင်းသူ များပြားနေ

ဧပြီတွင် လက်ဝတ်ရတနာများကို အခွန် ၁ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်သောကြောင့် အခွန် မဆောင်မီကာလအတွင်း ရွှေဝယ်ယူစုဆောင်းသူ များပြားနေသည်။ (more…)


ကွန်တိန်နာယာဉ်များ ရန်ကုန်၌ နေ့လယ်ပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

ရန်ကုန်မြို့တော် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးတွင် ကုန်သေတ္တာ (ကွန်တိန်နာ) ယာဉ်နှင့် ကုန်တင်ယာဉ်များ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြန်လည်ဖြတ်သန်းမောင်းနှင်ခွင့်ကို မတ်လ ၁၆ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ (more…)


ဆိပ်ကမ်းမြို့နယ်၌ ပြည်ခိုင်ဖြိုးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

မဲရုံ၌တာဝန်ပေးအပ်မည့် ပါတီဝင်မဲရုံကိုယ်စားလှယ်များ၏ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ ၁၄ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။