ရခိုင်အမျိုးသားပါတီ (ANP) ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့် ရက်သတ်မှတ်ရန် ပါတီ ဗဟိုအလုပ် အမှုဆောင်အ စည်းအဝေးကို ဧပြီအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
မုံရွာမြို့ ရပ်ကျေးကော်မရှင်ခွဲများသို့ မဲလက်မှတ်များစတင်ပို့ ရွေးကောက်ပွဲနေ့တွင် ရဲအင်အား ၇၀ဝ နီးပါး လုံခြုံရေးချမည်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲလက်မှတ်များကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံ မုံရွာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ မတ် ၂၆ ရက်တွင် စတင်ပို့ဆောင်နေပြီး ရွေးကောက်ပွဲနေ့တွင် ရဲတပ်ဖွဲ့အင်အား ၇၀ဝ နီးပါးဖြင့် လုံခြုံရေးရယူသွားမည်ဖြစ်ကြောင်း သိရသည်။ (more…)
ကြားဖြတ်ရွေးကောက်ပွဲ (၃) ရက်သာ လို
(28-3-2017) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ
အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ တိုင်းဒေသကြီး ခရိုင်ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူး
နှင့် ကော်မတီဝင်များတို့သည် မုံရွာပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်သူ လွှတ်တော် ကိုယ်စားလှယ်လောင်း DR ဝင်းမြင့်အောင် ကြားဖြတ်အောင်နိုင် ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ပန်းဖလက်များ ဖြန့်ဝေ
၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း ဦးအောင်ကြည်သိန်း အောင်မြင်ရေးအတွက် ယနေ့ မတ်လ
(၂၈) ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကညော်ကျေးရွာနှင့် ဘိုးနက်၊ သက္ကော ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများဆီသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ပန်းဖလက်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
#အထွေထွေကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ(ဟိုပင်)
ယနေ့မတ်လ ၂၇ နေ့မနက်၉နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဟိုပင်ပြည်ခိုင်ဖြိုး ရုံးတွင် ခရိုင်ကော်မတီဝင် ဦးဖုန်းမြင့်၊ ဟိုပင်တာဝန်ခံ ဦးမြဝင်း ၊ မြို့နယ်ကော် မတီဝင် ဒေါ်သန္ဒာဝင်းမောင်နှင့် အရန်ဒေါ်ဝါဝါဆွေ၊ ဒေသကော်မတီ ဦးစောအေးလွင်၊ ဦးမင်းအောင်၊ ဦးဇော်မောင်မောင်လတ်နှင့် ရပ်ကျေး စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မိုးညှင်းပြည်ခိုင်ဖြိုးပါတီ
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီပထမပြန်စာမေးပွဲစာဖြေသံဃာများအတွက် နဝကမ္မငွေကျပ် ၁ဝ သိန်းလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီးတာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍ ယမန် နေ့မွန်းလွဲ ၂ နာရီက နိုင်ငံတော် အစိုးရမှကျင်းပမည့် ပါဠိပထမ ပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို တော်မူကြမည့် တာမွေမြို့နယ်မှ စာဖြေသံဃာတော်အပါး ၇၅ဝ ကျော်တို့အား ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူနိုင်ရန်အတွက် နဝကမ္မ အလှူငွေကျပ် ၁ဝ သိန်းကို မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးကောဝိနန္ဒထံ သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး
ခေါင်းဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယခုလ၁၄ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်း တွင် China Eastern Airline ဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အား ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူး ဦးတင်အောင်ချစ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် များဖြစ်ကြသည့် ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်နှင့် တာဝန်ရှိသူ တို့က နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သွားရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများအားပြည်ခိုင်ဖြိုးပါတီထောက်ပံ့လှူဒါန်း
ရွှေဆံတော်စေတီ အရှေ့ဘက်မုခ်ဦး ရေစက်ချပွဲ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်
ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲနှင့် ပရဟိတကလေးငယ်များအား ဝတ်စုံလှူဒါန်းပေးအပ်



