ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ဖျာပုံခရိုင် ဖျာပုံမြို့နယ် ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖျာပုံမြို့လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ဖျာပုံခရိုင် ရတနာ့သိဒ္ဒိ သာသနာ့ဗိမာန်တော်ကြီးမှ ပထမ လမ်း တစ်လျှောက်လောင်းလှူ ပွဲကျင်းပခဲ့သည်။

မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည်စိုက်ထူ

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဟောင်းနွမ်းပျက်စီး နေပြီဖြစ်သော မြို့နယ်ပါတီဆိုင်းဘုတ်ကို အသစ် ပြန်လည်စိုက်ထူခြင်း အခမ်းအနားကို မတ်လ (၁၃) ရက် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က ကျင်းပခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၁၃) ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်ခိုင်ဖြိုးရိပ်သာ၌ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

လိပ်ကျွန်းလူသတ်မှုသေဒဏ် အယူခံတင်သွင်းရန် ဥပဒေအကြံပေး အဖွဲ့ စေလွှတ်မည်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံရသော မြန်မာလုပ်သားနှစ်ဦးအား ထိုင်း နိုင်ငံ ဗဟိုတရား ရုံးချုပ်သို့ အယူခံဝင်တင်သွင်းရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဆောင်ရွက်နေ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ (more…)


နိုင်ငံ့ဝန်ထမ်းများ သင်္ကြန်ပိတ်ရက် ၁၀ ရက်ရမည်

နိုင်ငံ့ဝန်ထမ်းများအား မူလက ခံစားခွင့်ပြုထားသော မဟာသင်္ကြန်ပိတ်ရက် ၁၀ ရက်ကို တစ်ဆက်တည်း ခံစားခွင့်ရရှိရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။ (more…)


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ (ရှမ်းအရှေ့) ကျိုင်းတုံသို့ ရောက်ရှိ

 

၁၃ – ၃- ၂၀၁၇ ရက်နေ့၊ နေ့လည်( ၁၂ : ၅၀ )အချိန်တွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစစ်ဝ်အာင်မြတ်၊ ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်တို့နှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကြ ပါသည်။

မြို့နယ် အရံပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ လုပ်ငန်းညှိနိုင်း အစည်းဝေး ကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ၁၁ – ၃ – ၂၀၁၇ရက်နေ့ ၁၀း ၃၀နာရီတွင် မြို့နယ် ပါတီ ကော်မတီဝင်များ ၊ မြို့နယ် အရံ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပရာ ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအောင် တိုး တက်ရောက်လမ်းညွှန်စကားပြောကြားခဲ့ ပါ သည် ။

အောင်မြေသာစံ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၂.၃. ၂၀၁၇)ရက်နေ့ နံနက်၆း၃၀အချိန်တွင် မန္တလေးတောင်တော်၌ ဆွမ်းဆန်စိမ်း
လောင်းလှူပွဲကို သံဃာတော်အရှင်သူမြတ်(၄၆)ပါးတို့အား ဆွမ်းဆန်စိမ်းများလောင်းလှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဌဦးကိုကိုလေး၊ အတွင်းရေးမှူးဦး
ညီညီမင်းနှင့်မြို့နယ်ကော်မတီဝင်များ၊ရပ်ကွက်စည်းမှူးများနှင်ပါတီဝင်များ
ချမ်းအေးသာစံမြို့နယ်မှမြို့နယ်ကော်မတီဝင်များနှင့်ပါတီဝင်များမှစုပေါင်းလှူဒါန်းခဲ့ကြပြီးဆွမ်းဆန်စိမ်းလာရောက်လှူဒါန်းကြသောကုသိုလ်ရှင်နှင့် ဧည့်ပရိတ်သတ်တို့အားအအေးဗူးများဖြင့်ဧည့်ခံခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ရှေ့ဟောင်းသမိုင်းဝင်ဘုရား ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲသို့ တက်ရောက်

 

ရှေးဟောင်းသမိုင်းဝင် မွေ​တော်​ကက္ကူဘုရား ဆုတောင်းပြည့် အာသောက
စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့်
ဗုဒ္ဓပူဇနိယပွဲတော်သို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦီးသိန်းစိန်
တက်ရောက်ကာ ၎င်းဝတ်ဆင်ထားတဲ့ လက်စွပ်တစ်ကွင်းအား ဘုရားစိန်ဖူးတော်မှာရစ်ချည်ပြီး ကုသိုလ်ဖြစ်ကပ်လှူ လှူခဲ့ကြောင်း သိရသည်။


ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်များ နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို မတ်လ (၁၀) ရက် နံနက် ၉ နာရီက ပုသိမ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။