မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမယ့် မတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ အဲဒီ ကျောက်မျက်ရတနာပြပွဲမှာတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း အတွဲတွေကို တင်ပြရောင်းချသွားမယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၁၈၀၀၀၀ ခန့်ရှိ
လာမည့် မတ် ၈ ရက်မှစတင်ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၁၇၉၇၄၂ ဦး ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၁၇၉၇၄၂ ဦးသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူများဖြစ်ကြောင်း သိရသည်။
အငှားယာဉ်ပြေးဆွဲမည့် EV ယာဉ်များ City Taxi အဖြစ် မှတ်ပုံတင်ရမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အငှားယာဉ်အနေနဲ့ ပြေးဆွဲမယ့် EV ယာဉ်တွေဟာ City Taxi အဖြစ် မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။
အငှားယာဉ်တွေကို စည်းကမ်းနဲ့အညီ စနစ်တကျပြေးဆွဲနိုင်ဖို့၊ မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်တဲ့ City Taxi တွေ ဖြစ်စေဖို့နဲ့ အုပ်ချုပ်မှုဆိုင်ရာတွေ စနစ်တကျပြုလုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ စင်းလုံးငှားဌာနက မှတ်ပုံတင်တဲ့လုပ်ငန်းကို ဆောင်ရွက်ပေးနေရာ EV ယာဉ် တွေလည်း City Taxi အဖြစ် မှတ်ပုံတင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲအား ဖေဖော်ဝါရီ ၂၇ ရက် မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ် (Passport) စာအုပ် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ (မော်လမြိုင်) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်ယူမှု မြန်မာက အဆင့်(၅) နေရာတွင် ရပ်တည်
ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု မြင့်တက်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ(Real Estate Information Centre – REIC)၏ ထုတ်ပြန်ချက်အရ ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၅)နေရာ၌ ပါဝင်လာခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအတွက်အရေးကြီးသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း
ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာအရအရေးပါသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။
အဆိုပါ စီမံကိန်းအကောင် အထည်ဖော်နေမှုအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ပတွင် သွားရောက်အလုပ်အကိုင်မည့်သူများ OWIC လျှောက်ထားရာတွင် စာရွက်စာတမ်းအတုများဖြင့် လျှောက်ထားလာပါက ပွဲစား၊ အေဂျင်စီနှင့် အလုပ်သမားကိုပါ အရေးယူမည်ဟုဆို
အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဖေဖေါ်ဝါရီ (၂၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန် အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ် ကိုင်သူများမှ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက ရုံးဖွင့်ရက် (၂) ရက်မှ (၃)ရက်အတွင်း အမြန်စိစစ် ခွင့်ပြုပေးနေကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ငါန်းဇွန်မြို့နယ် ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီးခံရ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာအကြား ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။
နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်
နေပြည်တော်မှာကျင်းပမယ့် အခုနှစ်သင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမှာဖြစ် တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းကပြုလုပ်တဲ့ ၂၀၂၃ ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိ ပြည်သူတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက် သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် စီးပွားရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် YESC ကြေညာ
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ညနေ ၅ နာရီမှည ၁၀ နာရီအထိ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးကြေညာထားသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိကျင်းပမည်ဖြစ်ပြီး မတ်လ ၁ ရက်မှ ၂၀ ရက်အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်နိုင်ရန် ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။