ငလျှင်အတွက် သတိထားစရာ၊ကြိုတင်ပြင်ဆင်စရာတို့ကို လုပ်ဆောင်ဖို့ ခပ်စိပ်စိပ်လှုပ်လာသည့်ငလျှင်များက တပ်လှန့်နေပြီဖြစ်သည်။
စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ မတ် ၁၂ ရက်ညက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သေးသည်။
ယမန်နေ့ည ၆ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်က ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် မိုင် (၂၀)ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄ ဒသမ ၅၂) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၄ ဒသမ ၆၈)ဒီဂရီ၊အနက်(၁၀၄)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။