ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန် ကြားချက်များအား လိုက်နာခြင်းမရှိသည့် ကုမ္ပဏီ ၂၀ ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) များ အား ပြန်လည် ရုတ်သိမ်းခဲ့သည်။
မတ် ၁၄ ရက်ကပြုလုပ်ခဲ့သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်(၁/၂၀၂၃)ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်များအား ပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။