ထိုင်းနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအတွက် ယခင်က ၄၅ ရက်အခမဲ့ဗီဇာရရှိခဲ့သော်လည်း ဧပြီ ၁ ရက်မှ စတင်ကာ ၁၄ ရက်သာရရှိတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာရမည်ဖြစ် ကြောင်း အသိပေးအပ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။