မတ်လ ၂၅ ရက်မှ စတင်ကာ ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရသော မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းတွင် မတ်လ ၃၀ ရက် ၌ မော်တော်ယာဉ်များ ပုံမှန်သွားလာနေပြီဖြစ် ကြောင်းသိရသည်။
မြဝတီ ကုန်သွယ်ရေးဇုန်၌ မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ ဒေါနတောင်ကျော်လမ်း နှင့် ကျံဒိုး နယ်မြေအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုနှင့် ခရီးသွား မော်တော်ယာဉ်များ သွားလာမှု ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။