ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၂ ဦးထပ်တွေ့
ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၆ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာသစ် ၁၆၂ ဦးထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၅ ရက်ည ၈ နာရီမှ ၁၆ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၃၆၀ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၆၂)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၅၆)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၅၃၀၂၄၃)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၇၄၈၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီး ခြားထားရှိခြင်းနှင့်ဆေးရုံများတွင် သီးခြားထားရှိ ကုသမှု ပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၆၃၂၉)ဦးရှိပြီဖြစ်ကာ သေဆုံးသူ(၁၉၄၉၄)ဦး ရှိကြောင်း သိရသည်။
ရက်ပေါင်း (၉၀) အတွင်း မှတ်ပုံပြန်မတင်သည့် ဆင်းကတ်များကို အပြီးပိတ်သိမ်းမည်ဟု ထပ်မံသတိပေး
ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု လျော့ကျ ၇၂ ဦးသာ ထပ်မံတွေ့ရှိ
ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး အတည်ပြုလူနာသစ် ၂၅၄ ဦးထပ်တွေ့
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်ရောက်ရှိကြောင်း မိုး/ဇလထုတ်ပြန်
အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး UEC က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၁၄ ပါတီရှိလာ
လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအား အမျိုးအစားအလိုက် ဆုကြေးငွေများထောက်ပံ့မည်
တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၁၄၀) ကျော် စေလွှတ်
မုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထား