ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်း ခရိုင် မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

မန္တလေး ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင်ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာ စကားပြောကြားပြီးနောက် တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာကဏ္ဍ အလိုက် တာဝန်ခံများက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝင်များ ရွှေတိဂုံစေတီတော်သို့ အလေးချိန် သုံးကျပ်သားရှိ ရွှေစင်ရွှေသား ရွှေပြားကပ်လှူ

 

ရန်ကုန် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင် စိုးနှင့် ဇနီးဒေါ်နီနီတို့အား အမှူးထား၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် များ စုပေါင်းကာ ယမန်နေ့ မွန်းလွဲ ၃ နာရီက လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် စနေ ထောင့်ရှိ ရွှေပြားတင်လှူပူဇော်ရေးမဏ္ဍပ် တွင် အလေးချိန် သုံးကျပ်သားရှိသော ရွှေစင်ရွှေသား ရွှေပြားသင်္ကန်း တော်ကို ရွှေတိဂုံစေတီတော်ပေါ်သို့ ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာနေပြည်သူများအား အခမဲ့ဆေးကုသပေး

 

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လယ်ဝေးမြို့နယ် သစ်ပုတ်ပင်အုပ်စု သစ်ပုတ်ပင် ကျေးရွာရှိ ကျန်းမာရေးဆေးကုသ ရန် အခက်အခဲရှိသော ကျေးရွာ ပြည်သူလူထုအားပြည်ခိုင်ဖြိုးပါတီ မှ ယမန်နေ့နံနက် ၈ နာရီခွဲမှ စတင် ပြီး အခမဲ့ဆေးဝါးများ သွားရောက် ကုသပေးခဲ့ကြောင်း သိရသည်။ထိုသို့ကုသရာတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင်ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ယဉ်ယဉ် အေး၊ လယ်ဝေးမြို့နယ်ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦး နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေးအဖွဲ့ဝင်များက ဦးဆောင်ပြီး လူနာ ၂ဝဝ ကျော်ကို အခမဲ့ဆေး ဝါးများ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

ပန်းကန်ဆေးအဝတ်လျှော် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ဖွင့်လှစ်

 

မဘိမ်း ဇန်နဝါရီ ၁၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အမျိုးသမီးရေးရာကော်မတီ မှကြီးမှူးကျင်းပသော ပန်းကန် ဆေး အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ တွင် လဝါကျေးရွာနေ ဦးထွန်းခိုင် ၏နေအိမ်၌ ကျင်းပခဲ့သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ် ငန်းညှိနှိုင်းအစည်းအဝေးများသို့ မကွေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူးတက်ရောက်

 

မကွေး ဇန်နဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မကွေးတိုင်းဒေသကြီး ပါတီအတွင်း ရေးမှူးဦးဆန်းညွန့်အောင်သည် မကွေး ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးတင်မြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးနေရှင်းတို့လိုက် ပါလျက် ယနေ့နံနက် ၁ဝ နာရီခွဲမှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲထိ မကွေးခရိုင်အတွင်းရှိ ရေနံ ချောင်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး များသို့တက်ရောက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကျိုင်းတုံ ဇန်နဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ရှမ်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်း လုံးဆိုင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ပါတီကော်မတီဝင်၊ ကျိုင်းတုံခရိုင် ပါတီကော်မတီဝင်များ၊ ကျိုင်းတုံ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ် စုမှ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ ပြီး ပါတီ၏မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် များ၊ ပါတီအောင်နိုင်ရေး၊ နိုင်ငံရေး အခြေအနေနှင့် နိုင်ငံတကာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြော ကြားပြီးတက်ရောက်လာသည့် ရပ် ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ များ၊ပါတီဝင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။ဆွေးနွေးပွဲသို့ပါတီဝင် အင်အား ၁ဝဝ ကျော်တက်ရောက် ခဲ့ကြောင်း သိရသည်။

ဟိုယကျေးရွာ အထက(ခွဲ)ပညာရေးစုံညီပွဲတော်ပညာရည်ချွန်ဆုပေးပွဲသို့ မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက် မိတ္တူကူးစက်လှူဒါန်း

 

မိုင်းရယ် ဇန်နဝါရီ ၁၅

မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ အထက (ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပ ရာ မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်၍ ကျောင်းအတွက် မိတ္တူ ကူးစက်တစ်လုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စင်းတဝဲ(ရ)ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ပါတီရုံးခွဲဖွင့်

 

ဝက်လက် ဇန်နဝါရီ ၁၅

ပြည်ခိုင်ဖြိုးပါတီ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စင်းတဝဲ (ရ) ကျေးရွာပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရပ်ကျေးပါတီရုံးခွဲ ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားကို ဝက်လက်မြို့နယ် ပါတီ ဥက္ကဋ္ဌဦးစိုးခိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးသောင်းမင်းထိုက်၊ ဦးညီညီအောင်၊ ဒေါ်ခင် အေး၊ ဒေါ်တင်မာနိုင်တို့ တက်ရောက်ခဲ့သည်။

ကောလင်းမြို့နယ် ခွင်တောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၁၅

ကောလင်းမြို့နယ် ခွင်တောင်းကျေးရွာအုပ်စု ခွင်တောင်းရွာ နေဦးကျော်ခင်နေအိမ်၌ ယမန်နေ့ မွန်းတည့် ၁၂နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦး၊ မြို့နယ်ပါတီအမှုဆောင်များ၊ အမျိုး သမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း)

ဘုတလင်မြို့နယ် သီးပင်အိုင်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် သီးပင်အိုင်ကျေးရွာအုပ်စု သီးပင်အိုင်ကျေးရွာ ဦးသိန်းဝင်း ၏ နေအိမ်ခြံဝင်းအတွင်းတွင် ယမန်နေ့နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြုလုပ် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးသက်နိုင်ဦးနှင့် မြို့နယ် ကော်မတီဝင်များနှင့်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။