တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၁၄၇ ဦး ထပ်မံရောက်ရှိ

ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၇ ဦးသည် ဇွန် ၂၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။
မြန်မာအလုပ်သမား ၁၄၇ ဦးအား ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁,၇၀၀ ကျော်ပို့ဆောင်

တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်ငါးလအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၁,၇၈၃ ဦးကိုပို့ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းမြန်မာလုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၅၈၃ ဦး၊ CBT ကုန်ထုတ်လုပ်သား ၁၈၀ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၃၆၂ ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်သားသစ် ၅၅၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၁၀၇ ဦး စုစုပေါင်း ၁,၇၈၃ ဦးပို့ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၂ ဦးထပ်တွေ့

ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၆ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာသစ် ၁၆၂ ဦးထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၅ ရက်ည ၈ နာရီမှ ၁၆ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၃၆၀ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၆၂)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၅၆)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၅၃၀၂၄၃)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၇၄၈၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီး ခြားထားရှိခြင်းနှင့်ဆေးရုံများတွင် သီးခြားထားရှိ ကုသမှု ပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၆၃၂၉)ဦးရှိပြီဖြစ်ကာ သေဆုံးသူ(၁၉၄၉၄)ဦး ရှိကြောင်း သိရသည်။