မွန်ပြည်နယ် မုဒုံမြိုတွင် မြိုအနီးပတ်ဝန်းကျင်နှင့် ကျေးရွာများ၌ စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံများ ရိတ်သိမ်းချိန် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉
အမျိုးသားလုံခြုံရေးနှင့် ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံနှင့် ဆယ်စုနှစ်များစွာ သက်တမ်းရှိ ဗီဇာကင်းလွတ် သွားလာရေးမူဝါဒကို အဆုံးသတ်လိုက်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့က ကြေညာခဲ့ကြောင်း သိရသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ယခင်က တွစ်တာလို့ ခေါ်သည့် X မှာ ကြေငြာခဲ့ခြင်းဖြစ်ပြီး အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့နှင့် ကင်းလှည့်လမ်းကြောင်းတွေ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၉

ဖေဖော်ဝါရီ ၆
လတ်တလောကာလတွင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါအပတ်စဉ်ပိုးတွေ့ရှိမှု အနည်းငယ် မြင့်တက်လာတာ ကြောင့် ပါးစပ်နဲ့ နှာခေါင်းစည်း Mask တပ်ဆင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားတယ်လို သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံအချိုမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားခဲ့ကာ မြန်မာနိုင်ငံမှာလည်းကူးစက်မှု တွေ့ရှိထားကြောင်းအတည်ပြုပြီး ဖြစ်ပါတယ်။