ကမမောင်း ဖေဖော်ဝါရီ ၁၇
ဖာပွန်မြို့နယ် ကမမောင်းရှိ တောင်တန်းသာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးကျောင်း အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဦးကုမာရဆရာတော်အား ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကို၊ ဗဟို ကော်မတီဝင်ပြည်နယ်ဘဏ္ဍာရေး မှူး ဦးစောဝင်းထိန်တို့က သွား ရောက်ဖူးမြော်၍ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် ပြီး ကရင်ပြည်နယ်တာဝန်ခံက နဝကမ္မအလှူငွေကျပ်သုံးသောင်း၊ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌက ကျပ်နှစ်သောင်းဆက်ကပ်ခဲ့သည်။