နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုနယ်မြေနှင့် မြို့နယ်ရှစ်မြို့နယ်မှ ပြည်သူ့ ဆက်ဆံရေးကဏ္ဍတာဝန်ခံများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့သည်။
နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုနယ်မြေနှင့် မြို့နယ်ရှစ်မြို့နယ်မှ ပြည်သူ့ ဆက်ဆံရေးကဏ္ဍတာဝန်ခံများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့သည်။
ရန်ကုန် ဖေဖဝါရီ ၁၈
မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရိုးရာမပျက် နှစ်စဉ်ထမနှဲထိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သည်။
အဆိုပါပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့်နှင့် ပါတီကော်မတီများ (၁၉) ရပ်ကွက်ပါတီ ကော်မတီများ စုပေါင်းတက်ရောက်ပြီး ထမနှဲထိုး ကုသိုလ်ပြု လှုဒါန်းကြကြောင်း သိရပါသည်။
သီပေါ ဖေဖော်ဝါရီ ၁၈
ယမန်နေ့ (၁၈.၂.၂၀၁၉) ရက်နေ့ မွန်လွဲ ၃း၀၀ နာရီအချိန်က အောင်တော်မူစေတီတော် ဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ထမင်းနဲပြိုင်ပွဲကိုကျင်းပရာ ရပ်ကွက်လုပ်သားပြည်သူများမှ (၁၄) သင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်စဉ်အတွင်း မြန်မာ့ယဉ်ကျေးမူ့အဖွဲ့နှင့် ရှမ်းယဉ်ကျေးမှု့ အဖွဲများကလည်း အိုးစည်ဒိုးပတ်များဖြင့် ကပြဖျော်ဖြေပေးခဲ့ပါသည်။
မိုးညှင်း၊ ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် မိုးညှင်းခရိုင်နှင့် မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ကလေးဝ ဖေဖော်ဝါရီ ၁၈
ယမန်နေ့ (၁၈.၂.၂၀၁၉) ရက်နေ့တွင် ကလေးဝမြို့နယ် အမှတ် (၃) ရပ်ကွက် အတွင်းရှိ ရွှေတောင်ကြားလမ်း ကိုယ်အား ကိုယ်ကိုး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကလေးဝမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အလှူ ငွေ ငါးသောင်းကျပ်ကို လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဠဦးတင်ထွန်းလွင်မှ လှူဒါန်းခဲ့ပြီး လမ်းဖြစ်မြောက်ရေး ဦးဆောင်ပြုလုပ်သူ ဦးပေါ်ကာမှ လက်ခံခဲ့ကြောင်းသိရှိရသည်။
ရန်ကုန် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးနှင့် လူငယ်လှုပ်ရှားမှု ပြိုင်ပွဲအဖြစ် ဖေဖေါ်ဝါရီလ (၁၈) ရက် နံနက် (၉:၃၀) နာရီကမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပသည်။
မိုးကောင်း၊ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ယနေ့မနက် ၁၀ နာရီ ၃၀ ချိန်တွင် မိုးကောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် မိုးညှင်းခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ဖားဆောင်း ဖေဖော်ဝါရီ ၁၇
ကယားပြည်နယ် ဘောလခဲ ခရိုင်ဖားဆောင်းမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဖားဆောင်းကျေးရွာအုပ်စု နမ့်ဟူးကုန်းကျေးရွာ ဒက္ခိဏရာမ ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ တိလောကနန္ဒာစေတီဘုရားဝင်း အား ယမန်နေ့နံနက် ၇နာရီမှ မွန်း တည့် ၁၂နာရီအထိ သန့်ရှင်းရေး လုပ်အား ဒါနသွားရောက်ပြုလုပ် သည်။
ပင်လည်ဘူး ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် ပင်လည်ဘူးမြို့နယ် ဝါးရုံကုန်း ကျေးရွာအုပ်စု ဝါးရုံကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အခြေစိုက်ရုံး၌ ပါတီဆိုင်းဘုတ်သစ်တင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများကဆိုင်းဘုတ်ကို အောင်သပြေ၊ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်တင် ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
မိုးနဲ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဆိုင်းဘုတ်သစ်တင် ပွဲကို အဆိုပါပါတီရုံး၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မိုးနဲမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအုန်းကျော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းခမ်းဆိုင်၊ ကျိုင်းတောင်းမြို့ပါတီကော်မတီဝင် ဒေါ်နန်းနုနယ်၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်သစ် အား ပါတီရုံးရှေ့တွင် စိုက်ထူပေးကာ အမွှေးနံ့သာရည်များပက်ဖျန်းပေး ခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူပွဲသို့ ပါတီဝင်အင်အား ၂၅ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။