ကွေ့တန်းရှည်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ပဲခူး မတ် ၁ဝ

ပဲခူးမြို့နယ် ကွေ့တန်းရှည် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကျင်းပသည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးမင်းခန့်ကျော် ဦးဆောင် သော မြို့နယ်ကော်မတီဝင်များ၊ ကွေ့တန်းရှည်ကျေးရွာပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ပါတီဝင်များ တက်ရောက်ပြီး ပါတီဆိုင်းဘုတ် ကို စိုက်ထူကာ အမွှေးနံ့သာရည် များပက်ဖျန်းပေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးစည်ပင်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

ရန်ကုန် မတ် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဆိပ်ကြီးခနောင်တိုမြို့ နယ်မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း များ၏ အောင်နိုင်ရေးဆိုင်းဘုတ် တင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်ပါတီ ရုံးရှေ့၌ အောင်နိုင်ရေးဆိုင်းဘုတ် အားတိုင်းပါတီကော်မတီဝင်ဒေါ်မိုး မိုးအိ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူးဦးဆန်းဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ် ထွေးနှင့် ရွေးကောက်ခံကိုယ်စား လှယ်များက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြိတ်ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲတက်ရောက်

 

မြိတ် မတ် ၁ဝ

တနင်္သာရီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မြိတ်ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံညှိ နှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဝင်ကတ်ပြားပေးအပ်ပွဲနှင့်မိုးကုတ်မြို့နယ်ပါတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

 

မိုးကုတ် မတ် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်သည် ယမန်နေ့ ညနေ ၄နာရီက မိုးကုတ်မြို့နယ်ရွှေညောင်ပင် ကျေးရွာဘောလုံးကွင်းတွင် ကျင်းပသော မိုးကုတ်မြို့နယ် ပါတီဝင်ကတ်ပြားပေးအပ်ပွဲနှင့် မြို့နယ်ပါတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြသည့်ကျောင်းသားကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီ သောက်ရေသန့်များလှူဒါန်း

 

07 March 2019

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ကြသည့် ကျောင်းသားကျောင်းသူများလိုအပ်နေသည့် သောက်ရေအတွက် သောက်ရေသန့်များကို ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးစိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပျော်ဘွယ်မြို့နယ် တောင်ညောင်ကုန်း ကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။

ရေကြည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရေကြည် မတ် ၇

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်ရေကြည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးလျက် မြို့နယ်ပါတီကော်မ တီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံက် ၉ နာရီခွဲက ပြည် ခိုင်ဖြိုးရုံးတွင်ပြုလုပ်ကြောင်း သိရ သည်။

အစည်အဝေးတွင် ရေကြည် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကြည်သန်း က မြို့နယ်ပါတီကော်မတီဝင်များ အား ကိုယ့်ကြောင့် မိမိပါတီ မထိ ခိုက်ရန်နှင့် ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေများသိထားရန်လိုအပ်ကြောင်း မှာကြားသည်။

ရွှေဘိုမြို့နယ် အမှတ်(၁)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရွှေဘို မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် မြို့မ (၁)တိုက် နယ် အမှတ်(၁)ရပ်ကွက် ဦးတင် ထွန်း နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် ရပ်/ကျေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

နေပြည်တော် မတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လယ်ဝေးမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီ အထိ လယ်ဝေးမြို့နယ်ပါတီ ကော် မတီနှင့်ရပ်/ကျေးပါတီကော်မတီ ဝင်များ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီယင်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ယင်းကျေးရွာ အုပ်စု ယင်းကျေးရွာ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။ ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ နယ်မြေတာဝန်ခံပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ ပါတီ ဝင်များတက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနားကို ကျင်းပခဲ့သည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ခုနစ်ရပ် ကွက်နှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။