ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကလိုင်ကျော်ကျေးရွာအုပ်စု ပါတီဝင်အသိအမှတ်ပြုကတ်ပေးအပ်

 

မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုး စိုးထွန်းသည် ပါတီကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီခွဲက ကလိုင်ကျော်ကျေးရွာ အုပ်စုသို့သွားရောက်၍ ပါတီဝင် အသိအမှတ်ပြုကတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။

မိုင်းခတ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးမွမ်းမံသင်တန်း (၁/၂၀၁၉ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

မတ်လ၁၁

ယမန်နေ့ (၁၁-၃-၂၀၁၉) ရက်နေ့  နံနက် (၉) အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည်။

နိုင်ငံရေးမွမ်းမံသင်တန်း ၁/၂၀၁၉ ရက်တို သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ပါတီအတွင်းရေမှူး ဦးစိုင်းကျော်လှနှင့်မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းမုန့် တို့ မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသို့ ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ ဝင်များ အမျိုးသမီးရေးရာ ကောင်မတီဝင်များ လူငယ်ရေးရာကော်မတီဝင်များမြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား (၅၅) ဦး တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ်လ ၁၁

ယမန်နေ့(၁၁-၃-၂၀၁၉)ရက်န့ ညနေ(၄း၀၀)နာရီမှ (၅း၂၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပ်ါထပ် သီးသန့်အစည်းအဝေးခန်းတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြပါသည်။

ရွှေကူမြို့နယ်စီမူကြီးကျေးရွာအုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် စိုက်ထူပွဲကျင်းပ

 

ဗန်းမော် မတ် ၁၁

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူကြီးကျေးရွာအုပ်စုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိုင်းဘုတ်အသစ် စိုက်ထူပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၇ နာရီ ခွဲက စီမူကြီးကျေးရွာအုပ်စု နတ် လှန်ကျေးရွာပြည်ခိုင်ဖြိုးပါတီကော် မတီဝင်ဦးဌေးသောင်၏နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခိုတာကျေးရွာတွင်အားကစားပစ္စည်းလှူဒါန်း ဆပ်ပြာရည်ပြုလုပ်နည်း သင်ကြားပေး

 

မဘိမ်း မတ် ၁၁

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ ပါတီအတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလင်းလင်းတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ခိုတာကျေးရွာတွင် (၁၈)ကြိမ် မြောက် အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ ရည်ပြုလုပ်နည်းကို သင်ကြားပေးခဲ့ရာ အမျိုးသမီး ၃၅ဦး တက်ရောက်ခဲ့ကြသည်။

အင်းတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေး

 

အင်းတော် မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု၊ ကုန်းခါးကျေးရွာအုပ်စု တို့တွင် အောင်သပြေ၊ အမွှေးနံ့သာရည်ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်တင် ခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးခြင်းကို ကျင်းပခဲ့သည်။

အမရပူရပြည်​ခိုင်​ဖြိုးပါတီမှကွန်​ကရစ်​လမ်းခင်းကျင်းရန်​ဘိလပ်​​မြေအိတ်​များလှူဒါန်း

 

(၁၁.၃.၂၀၁၉)ရက်​​နေ့ နံနက်​(၁၀)နာရီတွင်​ ပြည်​ခိုင်​ဖြိုးပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ အမရပူရမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များတို့သည်​ အမရပူရမြို့နယ်​၊ မကျည်းကိုင်း​ကျေးရွာရှိ မကျည်းကိုင်း-​ရွှေ​ပေါက်​ပင်​​ကျေးရွာချင်းဆက်​လမ်းအားကွန်​ကရစ်​ခင်းခြင်း​ဆောင်​ရွက်​​နေရာသို့ သွား​ရောက်​ပြီး မြို့နယ်​ပါတီမှလှူဒါန်း​သော ဘိလပ်​​မြေအိတ်​(၅၀)အား​ကျေးရွာလမ်းဖြစ်​​မြောက်​​ရေး​ကော်​မတီထံ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အဆိုပါလမ်းသည်​ အရှည်​​ပေ(၂၅၀၀)ရှိပြီး အရှည်​(၂၂၀၀)ခင်းကျင်းပြီးဖြစ်​ကာ ကျန်​ရှိ​သော​ပေ(၃၀၀)ဆက်​လက်​ခင်းကျင်းရန်​အတွက်​ဘိလပ်​​မြေအိတ်​များလိုအပ်​လျက်​ရှိ​ကြောင်း​ ​ကျေးရွာပါတီဥက္ကဋ္ဌ၏တင်​ပြလာမှုအရ မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှလှူဒါန်းခြင်းဖြစ်​​ပါသည်​။

#ZawAungHtet


ဝန်းသိုမြို့သို့ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့မှ လေ့လာရေးခရီးလာရောက်

 

ဝန်းသို ။မတ် ၁၀။

ဝန်းသိုမြို့နယ် မှန်ကင်းတောင်ပေါ်ရှိ ကျောက်လုပ်လဲ့စေတီ သို့ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ် ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်အဖွဲ့စုစုပေါင်းအင်အား(၇၄ဦး)နှင့်အဖွဲ့သည် လေ့လာရေးခရီး လာရောက်ခဲ့ကြောင်းသိရသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့်စကားဝိုင်းဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေး

 

ချာင်းဦး မတ် ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် စကား ဝိုင်းဆွေးနွေးပွဲကို အမြင့်ကျေးရွာအုပ်စု ဦးဝင်းဇော်ထွန်းနေအိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့် သိန်း တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ခုနှစ်)အကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၅၇)ကြိမ်မြောက်သွေးလှူဒါန်းပွဲ တက်ရောက်

 

မတ်လ ၁၀

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများ၏ ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းအဖြစ် ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် စဉ်ဆက်မပြတ်သွေးလှူဒါန်းခဲ့ကြရာ ယမန်နေ့ နံနက်(၁၀)နာရီက(၅၇)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ရန်ကုန်တိုင်းပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ဒေါ်သင်းသင်းမိုး၊အမျိုးသားသွေးလှုဌာန ဒုညွှန်ကြားရေးမှုးချူ ပ် ဒေါက်တာသီတာအောင်နှင့် တိုင်းခရိုင်ပါတီကော်မတီဝင်များ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ပါတီကော်မတီဝင်များ သွေးလှူဒါန်းမည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။