ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၄

ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌ ဦးတင်ယု၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဦးထွန်းထွန်းဦး၊ ဦးရဲဝင်းရှိန်တို့သည် ထန်းတပင် ပါတီရုံး၌လပတ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မင်းကန်ကျေးရွာပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့တက်ရောက်

 

အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမေက္ခချုပ် ဆရာတော်၏ (၇၉) နှစ်မြောက် ၀ိဇာတမွေးနေ့မင်္ဂလာနှင့် ၀ိဇိရာနန္ဒဏ ဓမ္မစင်တာ ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူမင်္ဂလာအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ပူဇော်ကြည်ညို

 

နေပြည်တော်၊ မတ် ၂၂

ဖောင်တော်ဦးဘုရားဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စဥ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစု ပါဝင်လှူဒါန်းပူဇော်

 

စဥ့်ကိုင် မတ် ၂၁

စဥ့်ကိုင်မြို့နယ် အင်းနားရွာ ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲအား ယမန်နေ့ နံနက်၉နာရီက ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီကော်မ တီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့် ကော် မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ တက်ရောက်၍ စုပေါင်းလှူဒါန်း ခဲ့သည်။

မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လမ်းဘေးဝဲယာသန့်ရှင်းရေးဆောင်ရွက်

 

မအူပင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အမှတ် (၈)ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲ ကျော် ဦးဆောင်သော ပါတီဝင်လူ ငယ်အင်အား ၂ဝ ကျော်သည် ယမန်နေ့ နံနက် ၇နာရီခွဲမှ စတင်၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်

 

နတ်မောက် မတ် ၂၁

မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ ပါတီ၏ စည်း ရုံးရေးမွမ်းမံသင်တန်းအမှတ်စဉ် ၁/၂ဝ၁၉ ဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ နိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် နိုင်ငံတော် သီချင်းသီဆိုခြင်းတို့ဖြင့်အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။

သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနား

 

၂၂-၃-၂၀၁၉ နေပြည်တော်

နေပြည်တော် ဝဇီရာနန္ဒ ဓမ္မစင်တာတွင် ကျင်းပပြုလုပ်သည့် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်ကြီး၏ (၇၉)နှစ်ပြည့် မွေးနေ့အမှတ်တရ ဂုဏပူဇာ ဝိဇာတကုသိုလ်မင်္ဂလာနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ၂၂-၃-၂၀၁၉ ရက်နေ့ သောကြာနေ့ နံနက်(၇)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၂၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr. Kristian Schmidt အား ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ နေပြည်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ချစ်ကြည်ရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး ဆက်လက်ပေးအပ်ထားရှိရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ အမြင်ချင်းဖလှယ် ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးသဘောထားရပ်တည်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်မှ ပြည်သူများနှင့်အတူ

 

၂၁-၃-၂၀၁၉ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ်များသည် ပျော်ဘွယ်မြို့နယ် ပဆောင်းကျေးရွာ မှ ပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကာ လက်ရေတပြင်တည်း တွေ့ဆုံခဲ့ပါသည်။


ပြည်သူတွေအတွက် အမြဲအလုပ်လုပ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်

 

21-3-2019 ၀မ်းတွင်းမြို့

ကျေးရွာနယ်လှည့်ဆေးကုသရေးလုပ်ငန်လိုအပ်ချက်များနေ မတ်လ ၂၁ ကျေးရွာတွေမှာ နယ်လှည့်ဆေးကုသရေးလုပ်ငန်းစဉ်တွေကိုများများ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့

၂၀၁၉ ခုနှစ် မတ်လ ၂၁ရက် နေ့က ဝမ်းတွင်းမြို့နယ် ဒိုင်းကောင်းကုန်းကျေးရွာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ နယ်လှည့်ဆေးကုသရး အစီစဉ်တွင်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြည်သူများအားသွားရောက်တွေ့ဆုံအားပေးခဲ့သည်။