တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအ စည်းအဝေးကျင်းပ

 

မတ်လ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် /မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်၊ ရှမ်းအရှေ့အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း ၊ ခရိုင်အတွင်းရေးမှူး ဦးဟန်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များဖြင့် ယမန်နေ့ (၂၅.၃.၂၀၁၉)နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေဆုံခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးရေးရာ၏ လှုပ်ရှားနေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပါတီလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးစည်းရုံးရေးမှူးများ နိုင်ငံရေးသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မတ်လ ၂၅

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဖြတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင်(၂၅.၃.၂၀၁၉)ရက်နေ့ နံနက်(၈း၄၀)အချိန်၌ ရပ်/ကျေးစည်းရုံးရေးမှူးများ နိင်ငံရေးသင်တန်း(၁/၂၀၁၉)ဖွင့်ပွဲအ
ခမ်းအနားကို စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုပါတီကော်မတီဝင် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ၊ပြည်နယ်ပါတီကော်မတီဝင် ဦးအားဖာတို့မှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းဖြတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းမှ သင်းတန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းပြောကြားခဲ့ပါသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သရက်ပင်ကျေးရွာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲတွင် ဆုများချီးမြှင့်

 

ကနီ မတ် ၂၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ချိုင် ကျေးရွာအုပ်စု သရက်ပင်ကျေးရွာ သရက်ပင်တောရကျောင်းတိုက် တွင် အနာဂတ်အလင်းရောင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် ရေးရာ တောင်တန်းသာသနာနုဂ္ဂဟ အသင်း(ဗဟို) အခြေခံယဉ်ကျေး လိမ္မာသင်တန်းကို ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး သင် တန်းဆင်းပွဲကို ယနေ့တွင်ကျင်းပခဲ့ သည်။ ယင်းသင်တန်းကို ယခုလ ၆ ရက်မှ ယမန်နေ့ထိ သင်ကြားခဲ့ ကြောင်း သိရသည်။

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၅

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လမ်းအလိုက် ပါတီတာဝန်ခံများ၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတွေ့ဆုံပွဲနှင့် ညစာစားပွဲကို ကျင်းပခဲ့သည်။

ဆေးကုသမှုခံယူနေသောမြို့နယ်အတွင်းရေးမှူး၏မိခင်အား ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ငွေများပေးအပ်

 

ကနီ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီးယင်းမာ ပင်ခရိုင်ကနီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့ နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသောအမှတ် (၁)ရပ်ကွက်မှ မြို့နယ်အတွင်းရေးမှူး၏မိခင်ထံသို့ ယမန်နေ့က သွားရောက်အားပေး စကားများ ပြောခဲ့ကြသည်။

ဆေးကုသမှုခံယူနေသော မြို့ နယ်အတွင်းရေးမှူး၏ မိခင်ထံသို့ ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ မြို့နယ်ပါတီကော် မတီဝင်များနှင့်ဦးစီးရုံးဝန်ထမ်းများ သွားရောက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်၍လိုအပ်သည်များ ဆောင် ရွက်ပေးခဲ့ကြသည်။

ပန်းတနော်ပြည်ခိုင်ဖြိုးပါတီတံတားဖွင့်ပွဲတက်ရောက်

 

ပန်းတနော် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော် မြို့အိုးဘိုကျေးရွာအုပ်စု သဲကုန်းကျေးရွာတွင် အလှူ ရှင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးငြိမ်းမြိုင်၊ ဒေါ်ခင်ရီမိသားစုကတံတားနှင့် ကျွဲ လမ်း၊တာလမ်းတို့အား ဆောက်လုပ်လှူဒါန်းပေးရာ စုစုပေါင်းငွေကျပ်သိန်း ၁၄ဝ ကုန်ကျခဲ့ပြီး ယမန် နေ့နံနက် ၇ နာရီတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌထားဝယ်မြို့နယ် ရပ်ကျေးအုပ်စုပါတီကော်မတီဝင်များ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

ထားဝယ် မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် ကျေးရွာအုပ်စုကော်မတီဝင်များ မွမ်းမံ သင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲကို တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီဆိုင်းဘုတ်တင်

 

မြစ်သား မတ် ၂၅

မြစ်သားမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက်၉ နာရီက မင်းလယ်ကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးအုန်းရွှေနေအိမ်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ကအမွှေးနံ့သာရည် များဖြင့် ပက် ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်း

 

ကျောင်းကုန်း မတ်၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ထန်း တပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာတွင် ပြည်သူများနှင့် ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များသည် ရပ်မိရပ်ဖများ၊ ပါတီဝင် များနှင့်တွေ့ဆုံ၍လွှတ်တော်အတွေ့ အကြုံများနှင့်ဒေသဆိုင်ရာဖွံ့ဖြိုး ရေးများအားယနေ့တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်

 

သရက်ချောင်း မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပဲဒက် စံပြကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက လက်တွေ့စည်းရုံး ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂ဝ၁၉) ကို ဖွင့်လှစ်ခဲ့သည်။