မကွေး မတ် ၂၈
မကွေး မတ် ၂၈
ပုသိမ်ကြီး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာ အောင်ဗိမာန်ကျောင်းတွင် ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မီးဘေးသင့်မိသားစုများအား ယမန်နေ့တွင် ထောက်ပံ့လှူဒါန်းမှုပြုလုပ်ခဲ့သည်။
ရက်စွဲ ။ ၂၀၁၉ခုနှစ် ၊ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီများနှင့်ပုံမှန်လပတ်အစည်းအဝေးကို မတ် ၂၈ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့် က ၊မြို့ နယ်ပါတီရုံးခန်းမ၌
ပြုလုပ်ခဲ့သည်။
ထိုတွေ့ ဆုံပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးလွင်ဦးမှတက်ရောက်ကာ ၊ရပ်/ကျေးကော်မတီများစုံလင်စွာတက်ရောက်လာကြသည့်အတွက်မိမိအနေဖြင့်အထူးပင်ဝမ်းမြောက် ကြောင်းနှုတ်ခွန်းဆက်စကားပြောကြားကာပါတီ၏မူဝါဒများ ၊ ရှေ့ လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားပေးခဲ့သည်။
မတ်လ ၂၈
ကျိုက်ထိုနယ် ပြည်ခိုင်ဖြိုးပါတီ ၂၈.၃.၂၀၁၉ ရက်နေ့ နံနက် ၉းဝဝ အချိန်တွင်နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွါး) သင်တန်းအား နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး တက်ရောက်အင်အား ၆၀ ဖြင့်စတင်ခဲ့ပါသည်။
မတ်လ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီဝင်၊ ရှမ်း(အရှေ့)အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေ
ထွန်း၊ခရိုင်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ခရိုင်/မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဌများလိုက်ပါ၍ ယမန်နေ့(၂၇.၃.၂၀၁၉)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စုရှိဝမ်ကဲ(၂)ရှမ်းရွာ၊မာမိုတာ(၂)လားဟူရွာ၊နားမွန်းလားဟူရွာ၊မောရှက်လားဟူရွာ၊မောရှက်အရိုးလားဟူရွာ၊ကူလောင်(၁)+ကူလောင်(၂)
လားဟူရွာ၊နမ့်တွန်လားဟူရွာနှင့်ဟွေဆာအာခါရွာများသို့ ကွင်းဆင်းသွားရောက်ခဲ့ကြပြီးဒေသခံပါတီဝင်များဖြင့် ရင်းနီးပွင့်လင်းစွာတွေ့ကြုံခဲ့ကြသည်။
ဆပ်လက်ပြီး သေခံပြည်သူများ၏ လိုအပ်ချက်များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ပြည်သူများ၏ ကျန်းမာရေး၊လူမူရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး နားမွန်းရွာမှ ကျန်းမာရေးစစ်ဆေးရန် လိုအပ်လျက်ရှိသောလူနာ(၄)ဦးအား ခေါ်ဆောင်လျက်တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးသို့ ည(၂၀း၀၀)အချိန်တွင်ပြန်လည်ရောက်ရှိခဲ့ကြကြောင်းသိရိ%E
ညောင်ဦး မတ် ၂၇
ပုဂံဒေသသို့ ဘုရားဘူးလာ ရောက်လေ့လာစဉ် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပြော ရေးဆိုခွင့်ရှိသူဦးဌေးဝင်း ဦးဆောင် သော တက္ကသိုလ်ဝင်တန်းကျောင်း သားကျောင်းသူများ လိုက်ပါလာ သောအဖွဲ့သည် ယမန်နေ့ နံနက် ၈နာရီ ကပုဂံမြို့ဟောင်းအတွင်းရှိဘုရား အမှတ် (၁၆ဝ၆) ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌဦးသန်းဌေး ပြန်လည် ပြုပြင်ကုသိုလ်ယူခဲ့သော ဘုရား ဝင်းအတွင်းရှိ မြက်ပင်ချုံနွယ် အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် လုပ်အားဒါနပြုခဲ့ ကြောင်း သိရသည်။
၂၇-၃-၂၀၁၉ နေပြည်တော်
၂၇-၃-၂၀၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဗိုလ်မှူးချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် (၇၄) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်
နေပြည်တော် မတ် ၂၇
ပြည်တွင်းပြည်ပက ဝယ်လက်တွေ ရှားပါးလာတဲ့အတွက် ကြက်သွန်နီ ဈေးနှုန်းတွေ တရှိန်ထိုးကျဆင်းနေပြီး ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။
လက်ရှိကြက်သွန်နီဈေးနှုန်းဟာ တပိဿာကို ကျပ် ၃၅၀ ထိ ဈေးဆစ်ခံနေကြရပြီး လက်လီဈေးကွက်ပဲ အရောင်းဝယ်ဖြစ်နေတယ်လို့ မကွေးမြို့က ကြက်သွန်ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်အောင်ကပြောပါတယ်။