၃-၄-၂၀၁၉ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်ကျေးရွာပါတီကော်မတီဝင်များလပတ်အစည်းဝေးနှင့်(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင်တက်ရောက်လာသူများကနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍နိုင်ငံတော်အလံအားအလေးပြုခဲ့ပြီး တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌဦးဝင်းကြည်နှင့် စဉ့်ကူးမြို့နယ်ပါတီဥက္ကဌဦးခင်မောင်ဝင်းတို့က ဒေသအခြေအနေများနှင့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည် ၎င်းနောက်တက်ရောက်လာသည့်မြို့နယ်ပါတီကော်မတီဝင်များနှင့်ရပ်ကွက်ကျေးရွာပါတီဥက္ကဌများ၏တင်ပြချက်များအပေါ်တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင်မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာဟောပြောပွဲပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီဥက္ကဌဦးဝင်းမောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦးနှင့်ဦးကျော်စန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းသိကောင်းစရာများကိုဆွေးနွေးဟောပြောခဲ့ကြသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်