ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ ၂ဝ၁၉-ခုနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့တွင်လားရှိုး မြို့ရှိပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးအောင်သူ၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးစိုင်း ခမ်းကော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးရေးရာ တာဝန်ခံဒေါ်နန်းကိန်ဖောင်းတစ်ပ် နှင့်ပြည်နယ်ပါတီကော်မတီဝင်များ၊ ခြောက်ခရိုင် ၁၉ မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်းရေးမှူး များနှင့်မြို့နယ်လူငယ်တာဝန်ခံများ၊ မြို့နယ်မီဒီယာတာဝန်ခံများ တက် ရောက်ခဲ့ကြသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်