ဆားလင်းကြီး မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ ဦးအောင်ကြည် နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။
ဆားလင်းကြီး မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ ဦးအောင်ကြည် နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။
ကနီ မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ရပ်/ကျေး ပါတီဥက္ကဋ္ဌ၏ မြေးကလေးငယ် နှစ်ယောက်ထံ သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ကနီမြို့နယ်ပါတီနာယက ဦးအောင်ဆန်းထွန်း၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ပါတီကော်မတီဝင်များနှင့် ဦးစီးရုံးအဖွဲ့များ လိုက်ပါ၍ တွေ့ဆုံအားပေး စကားများ ပြောခဲ့ကြသည်။ အောင်မျိုးထွန်း(ကနီလူငယ်)
နေပြည်တော် မေ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေသည် ယမန်နေ့ နံနက် ၈ နာရီက ဥတ္တရသီရိမြို့နယ် မောင်းရမ်းအုပ်စုအတွင်း ဧပြီ ၁၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့ရသည့် ပြည်သူများကို သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ထိုသို့သွားရောက် တွေ့ဆုံအားပေးရာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းဆွေနှင့်အတူ ပြည်ထောင်စုနယ်မြေ ပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအောင်မြင့်ကြိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များ လိုက်ပါခဲ့ပြီး အိမ်ထောင်စု ၅၇ စု အတွက် တစ်အိမ်လျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှုန်း ကူညီထောက်ပံ့ ခဲ့သည်။
ရန်ကုန် မေ ၈
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ဒေါင့်ကြီးကျေးရွာ အုပ်စုတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးကျော်စိုး အိမ်တွင်ရွာခွဲ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် တွေ့ဆုံစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူး၊ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် ပါတီရုံး၌ ကျင်းပသည်။
ရန်ကုန် မေ ၈
ရန်ကုန် မေ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဆင်နင်းပင်အုပ်စု ဆင်နင်းပင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးကျော်စီနေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
မေ ၈၊ ငပုတော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၇-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေကျော်ကျေးရွာတွင် ပါတီဝင်များ တွေ့ဆုံပွဲနှင့် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားအား တက်ရောက် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီသို့ အသစ်ဝင်ရောက်လာသည့် ပါတီဝင်ပြည်သူများ တက်ရောက် ခဲ့ကြပါသည်။
နေပြည်တော်၊ မေ ၈
ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ကို ဥပဒေအရ ပြင်ဆင်အတည်ပြုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲကို နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် (၉း၀၀) နာရီက ပြုလုပ်ကျင်းပခဲ့ပါသည်။
မအူပင် မေ ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။