နေပြည်တော် မေ ၇
ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင်အသစ်များအား ပါတီဝင် ကတ်များ နေ့ချင်းပြီး ထုတ်ပေးသည့် အစီအစဉ်ကို တပ်ကုန်းမြို့နယ် ပါတီရုံး၌ ယမန်နေ့ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ တာဝန်ခံ ဦးဖေအံ့မောင်၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဇော်မျိုးသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဦးဆောင်၍ အဆိုပြုလွှာ ဖြည့်သွင်းခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ပါတီဝင်ကတ်များ ချက်ချင်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ယနေ့ ပါတီသို့ ဝင်ရောက်လာသော တပ်ကုန်း မြို့နယ်မှ ပါတီဝင် ၅၆ ဦး၏ ပါတီဝင်ကတ်များကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။