လယ်ဝေး မေ ၂၂
ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီ ခွဲမှ ၉ နာရီအထိ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သမိုင်းဝင်ဖောင်တော်ချက်မ ဘုရားပွဲတော်ရက်အတွင်း စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ နာယက ဦးမျိုးညွန့်နှင့် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်းတို့ တက်ရောက်အားပေး ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။