ရန်ကုန် မေ ၂၈
ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သောက်ရေလိုအပ်လျက်ရှိသော ငါးတန်တစ်ရကျေးရွာသို့ ယမန်နေ့ နံနက်၉နာရီက သောက်ရေသန့်များ သွားရောက်လှူဒါန်း ခဲ့သည်။
ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် တာဝန်ရှိသူများသည် လီတာ ၂ဝ ဝင် သောက်ရေသန့်ဘူးကြီး ၁၅ဝ အား ကျေးလက်နေ ပြည်သူများထံ လာရောက်လှူဒါန်းရာ ရပ်ကျေးပါတီဝင်တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့သည်။