မေလ (၃၀) ရက်နေ့က သမ္မတ ဦးဝင်းမြင့်ထံကို ပေးပို့လိုက်တဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ရှိသူအချို့၊ မီဒီယာအချို့ထံက သတင်းမျိုးစုံတွေ၊ ဖြေကြားချက် မျိုးစုံတွေ တွေ့နေ ကြားနေရပါတယ်၊ တကယ်တော့ ကျွန်တော်တို့ နိုင်ငံရေးပါတီများ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာဟာ နိုင်ငံတော်ရဲ့ ပကတိ အခြေအနေ မှန်များပဲ ဖြစ်ပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေက သိရှိ နားလည် လက်ခံပြီးတော့မှ အချိန်မီ ပြုပြင်ဆောင်ရွက် နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ပြုပြင် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုး အများကြီးရှိပါတယ်။