ကော့မှူး ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ၊ အောင်ရတနာ ဘောလုံးကွင်း ဘေးရှိ ကွင်းတွင် ယမန်နေ့ နံနက် ၈နာရီက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


