ကနီ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ် ပါတီနာယကများ၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီ ဝင်များ၊ အရန်ကော်မတီများနှင့် ဦးစီးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပါတီ၏ရှေ့လုပ်ငန်း စဉ်များ၊ ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။