ပါတီဗဟိုအတိုင်ပင်ခံ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (ငြိမ်း) ဦးသိန်းအောင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ဝေဋ္ဌုဝန်ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာတော်အား ဖူးမျှော်ကြည်ညိုပြီး အလှူတော် ငွေများ ဆက်ကပ်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတိုင်ပင်ခံ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (ငြိမ်း) ဦးသိန်းအောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ မြန်အောင် မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ပါတီကော်မတီဝင်များသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက၊ ဝေဋ္ဌုဝန် နိကာယ ဂိုဏ်း၏ သြဝါဒစရိယ၊ သက်တော်(၉၆)နှစ်၊ သိက္ခာတော်(၇၆)ဝါရှိ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတေဇောဘာသ၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အန္တိမအဂ္ဂိဈာပန အခမ်း အနားအတွက် အလှူတော်ငွေ ၅သိန်းကျပ်နှင့် ဂန္ဓကုဋီတိုက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက်အလှူတော်ငွေ၁၀ သိန်းပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
#PWL

ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အာင်ချစ် မိသားစုမှ အောင်လံမြို့ဘိုးဘွားရိပ်သာကျောင်းသို့ လစဉ်အာဟာရဒါန ပြုလုပ်

 

ဇူလိုင် ၅

မ​ကွေးတိုင်း​ဒေသကြီး ​အောင်​လံမြို့နယ်​ ​အောင်​လံဘိုးဘွားရိပ်​သာ၌ ယနေ့ (၅.၇.၂၀၁၉) ရက်နေ့တွင် ပြည်​ခိုင်​ဖြိုး ပါတီဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​မိသားစုမှ လစဉ်​အာဟာရမြတ်​ဒါန အလှူ​တော်​ ပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ ​အောင်​လံမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ကော်​မတီဝင်​ ဦးတင်​ဝင်း၊ အတွင်း​ရေးမှူး၊ ဦးခင်​​ဆွေတို့ ဦး​ဆောင်​၍ မြို့နယ်​​ကော်​မတီဝင်​များ၊ မြို့​ပေါ်ရပ်​ကွက်​ပါတီဝင်​များမှ ဘိုးဘွားများ​နေထိုင်​ရာ အ​ဆောင်​ပတ်​ဝန်းကျင်​ရှိ ​ပေါင်းမြက်​ပင်​များကို သန့်​ရှင်း​ရေး လုပ်​အား​ပေး စု​ပေါင်း​ဆောင်​ရွက်​ ခဲ့ကြ ပါသည်​။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀၁၉ ဇူလိုင် ၄ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန် ပြည်နယ်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါတီဆိုင်းဘုတ်တင်ပွဲနှင့် စိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲ တက်ရောက်

 

နေပြည်တော် ဇူလိုင် ၃

ဇေယျာသီရိမြို့နယ် ကျွန်းရောင်းအုပ်စု ရွာသစ်ကျေးရွာ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးဝင်း နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အုပ်စုပါတီရုံး ဆိုင်းဘုတ်တင် ပွဲနှင့်စိုက်ပျိုးရေး နည်းပညာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး ခဲ့သည်။

စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

 

စဥ့်ကူး ဇူလိုင် ၃

စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပြင်ဦးလွင်ခရိုင်နယ်မြေ တာဝန်ခံ ဦးတင့်လွင်ဦး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးမြတ်သူနှင့် ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် တို့က အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။

ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါပေါ်က လဲကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် ညနေ (၆:၀၀) နာရီမှ (၇:၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲ ကျေးရွာအုပ်စု၊ ဒေါဆော်လိကျေးရွာ ပါတီဝင် ဦးတီရယ်နေအိမ်တွင် ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ဒေါဆော်လိကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် ထီးစဲခါး ကျေးရွာအုပ်စု၊ ကွန်နားကျေးရွာတွင် ပါတီဝင်ထုများနှင့် စကားဝိုင်း တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့ – ဇူလိုင် ၃

ယမန်နေ့ (၃-၇-၂၀၁၉)ရက် နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နားကျေးရွာပါတီဝင် ဦးဦးရယ်နေအိမ်တွင် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရာအုပ်စု၊ ကွန်နားကျေးရွာ ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စကားဝိုင်း ကျင်းပပြုလုပ် ပါသည်။ တက်ရောက်လာကြသော ပါတီဝင် များအား ပြည်ခိုင်ဖြိုး ပါတီမှထုတ်ဝေသော ပါတီဥက္ကဌကြီး ပြက္ခဒိန်နှင့် ပြည်ထောင်စုနေ့စဉ် သတင်းစာများ၊ ဂျာနယ်များ ပေးအပ်သွားပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန် Ms.Lucinda Kaval အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန် Ms. Lucinda Kaval အား ယမန်နေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံချစ် ကြည်ရေးနှင့်လာမည့် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ကလေး သူငယ်အခွင့်အရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီဝင်များ လစဉ်ပုံမှန်အစည်းဝေးနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ဇူလိုင် ၂

ယမန်နေ့ (၂.၇.၂၀၁၉) ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်ပါတီ ကော်မတီဝင် လစဉ်ပုံမှန်အစည်းဝေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက် ခဲ့သည်။ လစဉ်ပုံမှန်အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် စတင်ပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အဖွင့်အမှာစကား ပြောကြားပြီနောက် ငါန်းဇွန်မြို့နယ် ပါတီဥက္ကဌ ဦးကိုကိုမှ လက်ရှိပါတီအတွင်း အခြေနေများ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၁ နာရီအချိန်တွင် အစည်းဝေးကို အောင်မြင်စွာ ကျင်းပခဲ့သည်။

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

ရေကြည် ဇူလိုင် ၂

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးပြီး မြို့နယ်ပါတီကော်မတီဝင် များလစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပကြောင်း သိရသည်။ အစည်းအဝေး တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက နယ်မြေအလိုက် ပါတီဝင်အင်အား ထပ်မံရရှိရန်နှင့် ရုံးလုပ်ငန်း၊ ပါတီ လုပ်ငန်းများ လုပ်ဆောင်ကြရန် မှာကြားသည်။ ဆက်လက်ပြီး ပါတီဝင်အင်အား လိုအပ်နေသည့် နေရာများ တွင် စစ်မှန်သော ပါတီဝင်အင်အား ထပ်မံဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်း က ပါတီဝင်အင်အားကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ကြရန် လိုကြောင်းနှင့် အသုတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။  ဆန်းတင့်(ရေကြည်)